မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| နေပြည်တော် ကား ၄၂၅ စီးလေလံတွင် အမြင့်ကားအမျိုးအစား အများဆုံးပါဝင် |
|
|
|
|
နေပြည်တော်တွင်ကျင်းပမည့် ကားမျိုးစုံ ၄၂၅ စီးလေလံတွင် Hilux Surf Wagon ၊ Prado ၊ Landcruiser ၊ Mark II ဆလွန်းနှင့် Corolla Van CE 106 အမျိုးအစားများအများဆုံး ပါဝင်သည်ဟု သိရှိရသည်။ နေပြည်တော်ကားလေလံကို ဇန် န၀ါရီလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့ အထိလေးရက်ကျင်းပမည်ဖြစ်ကြောင်း၊ အမြင့်ကားအမျိုးအစားများပါဝင်မှုမှာ လည်း ယခင်လေလံများကထက်များ ပြားသည့်လေလံဖြစ်ကြောင်းသိရသည်။ Hilux Surf မှာ အစီး ၆၀ ကျော် အထိပါဝင်ပြီး Pajero အစီး ၄၀ ကျော် နှင့် Mark II ဆလွန်း ၅၈ စီးအထိ ပါဝင်နေကြောင်း၊ Corolla ဗင် CE 106 မှာ အစီး ၄၀ ကျော်ပါဝင်ပြီး Land- cruiser ၁၉ စီးပါဝင်သည့် လေလံဖြစ် သည်ဟု သိရသည်။ ''အမြင့်ကားအမျိုးအစားကတော့ တော်တော်လေးများတဲ့လေလံ ပါပဲ။ အရင်လေလံတွေကထက်အခု ၃၁ ကြိမ် မြောက်လေလံမှာအမြင့်ကားပါတာ အများဆုံးပဲ''ဟု လေလံဆွဲလေ့ရှိသူ တစ်ဦးကလည်း ဆိုသည်။
|





Comments