မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ရေဂါလန် ၁၀ သန်း ဖြန့်ဖြူးပေးနိုင်သည့် ဧရာဝတီမြစ်ရေ ရေသန့်စင်စက်ရုံ အမှတ်(၈)စတင်တည်ဆောက် |
|
|
|
မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၂၂ လမ်းအနီး မြို့ပတ်ကမ်းနားလမ်း အရှေ့ဘက်တွင် ဧရာဝတီ မြစ်ရေ ရေသန့်စင်စက်ရုံနှင့် ရေတွန်းစက်ရုံအမှတ်(၈) တည်ဆောက်ရေး စီမံကိန်းအတွက် မြေသားပြုပြင်ခြင်းများ စတင်အကောင်အထည်ဖော် တည်ဆောက်နေကြောင်း သိရပါသည်။ရေသန့်စင်စက်ရုံ အမှတ်(၈) တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ကနဦး အနည်ကျကန်(၂၀၀ ပေ _ ၂၀၀ ပေ _ ၁၆ ပေ)၊ ကနဦး အကြမ်းရေစစ်ကန်(၉၀ ပေ _၂၂၀ ပေ _ ၁၀ ပေ)၊ အနှေးကျသဲရေစစ်ကန် (၃၀၀ ပေ _ ၁၀၀ ပေ _၁၄ ပေ)၊ ဂါလန် ၁ ဒသမ ၅ သန်းဆံ့ ရေ လှောင်ကန်(၁၂၀ ပေ _၁၀၀ ပေ _၂၀ပေ)တည်ဆောက်ခြင်း လုပ်ငန်း များပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ''အခု အမှတ်(၈)ရေသန့်စင် စက်ရုံနဲ့ ရေတွန်းစက်ရုံတည်ဆောက် ပြီးစီးသွားမယ်ဆိုရင် လက်ရှိအခြေ အနေထက် တစ်နေ့ကိုရေဂါလန် ၁၀ သန်းပိုပြီးဖြန့်ဝေပေးနိုင်ပါလိမ့်မယ်။ အဲဒီရေတွေကို မြေသားအောက်ပိုက် လိုင်းတွေကတစ်ဆင့် စက်အနီးအနား တစ်ဝိုက်နဲ့ အထူးသဖြင့် ကျွဲဆည် ကန်ဘက်ကို ဖြန့်ဖြူးပေးသွားမှာပါ'' ဟု ရေနှင့်သန့်ရှင်းရေးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောသည်။ အဆိုပါစီမံကိန်းကို ကျပ်သိန်း ပေါင်း ၂၅၀၀၀ အကုန်အကျခံတည် ဆောက်မည်ဖြစ်ပြီး တည်ဆောက် ရေးကာလနှစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ၄၅ ဒသမ ၇ စတုရန်းမိုင် ကျယ်ဝန်းသော မန္တလေးမြို့တွင် လူ ဦးရေကိုးသိန်းကျော် နေထိုင်လျက်ရှိ ပြီး ယင်းလူဦးရေအတွက် တစ်နေ့လျင် ရေဂါလန် ၃၇ သန်းခန့်လိုအပ် လျက်ရှိသည်ဟုသိရသည်။ လက်ရှိ တွင် စက်ရေတွင်းများ၊ အ၀ီစိတွင်းများ၊ ရေတွင်းများ၊ ကျုံးရေကန်များ မှရေဂါလန် ၂၆ သန်းခန့်ပေးလျက် ရှိပြီး ရေတွန်းစက်ရုံခြောက်ရုံ၊တည် ဆောက်ဆဲ ရေတွန်းစက်ရုံတစ်ရုံ၊ စက်ရေတွင်းကြီးပေါင်း ၃၄ တွင်းတို့ မှရေပေးဝေခြင်းဖြစ်သည်ဟု သိရှိရသည်။ |





မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၂၂ လမ်းအနီး မြို့ပတ်ကမ်းနားလမ်း အရှေ့ဘက်တွင် ဧရာဝတီ မြစ်ရေ ရေသန့်စင်စက်ရုံနှင့် ရေတွန်းစက်ရုံအမှတ်(၈) တည်ဆောက်ရေး စီမံကိန်းအတွက် မြေသားပြုပြင်ခြင်းများ စတင်အကောင်အထည်ဖော် တည်ဆောက်နေကြောင်း သိရပါသည်။