မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


လားဟူနှစ်သစ်ကူးပွဲတော် လားဟူခေါ့ဂျားပွဲ တာချီလိတ်တွင် ကျင်းပ PDF Print E-mail
သတ္တမအကြိမ် တာချီလိတ်ခရိုင် လားဟူ(စုပေါင်း)နှစ်သစ်ကူးပွဲတော်“ လားဟူခေါ့ဂျားပွဲကို ဇန်န၀ါရီလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းပြင်တွင် လားဟူရိုးရာ ၀တ်စုံပြည့်ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း  သိရှိရပါသည်။
နှစ်သစ်ကူးရက်မှာ ဇန်န၀ါရီ လ ၁၆ ရက်နေ့ ဖြစ်ပြီး မြို့တွင်း ဧည့်သည်များ ရပ်ဝေးဧည့်သည်များကို နေ့လယ်စာ ၀ိုင်းကြီး ၁၅၀ ဖြင့် တည်ခင်းကာ ထမင်းဘူးပေါင်း ၇၀၀ ကျော်ကို အခမဲ့ဝေငှခဲ့သည်။ နေ့စဉ်လားဟူ ရိုးရာမြေ၀ိုင်းနှင့် ဘူးပလွေ၊ အက၊ အိုးစည်လင်ကွင်း အကနှင့် လားဟူတို့၏ နာမည်ကြီး အကများကိုဖျော်ဖြေခဲ့သည်။ ညပိုင်း တွင် ခေတ်ပေါ် တေးဂီတ၀ိုင်းဖြင့် ဧည့်ခံပြီး ၁၆ ရက်နေ့ညတွင် မီးရှူးမီးပန်းဖောက်၍ နှစ်သစ်ကိုကြို ဆိုကြသည်။ ယခုနှစ် နှစ်သစ်မှာ ကျားနှစ်ဖြစ်ပြီး နှစ်ဟောင်းမှာ နွားနှစ်ဖြစ်ကြောင်း သိရသည်။
''ဒီပွဲအတွက် လားဟူရွာတိုင်း က ရွာသူကြီးတွေနဲ့ ညှိနှိုင်းရပါ တယ်။ ပွဲတော်အတွက် လိုအပ်တဲ့ငွေတွေအတွက် အိမ်တွေက အဆင်ပြေသလောက် အလှူငွေထည့်ဝင်ကြပြီး တတ်နိုင်တဲ့ စေတနာရှင်တွေက လည်းပိုပြီးထည့်ဝင်ကြတယ်။ ရှမ်း၊ အာခါစတဲ့ တခြားတိုင်းရင်းသားတွေကလည်း နှစ်သစ်ကူးအလှူ ထည့်ဝင်ကြတယ်။ ရိုးရာအကကတော့ ရွာတိုင်းက တစ်မျိုးစီပါဝင် ကပြကြပါ တယ်''ဟု တာချီလိတ်ခရိုင်လားဟူ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးဝေဇင်မိုးက ပြော ကြားသည်။
''ကျွန်တော်တို့ ကမိသားစုနဲ့ရွာ သူရွာသား ၁၀ ယောက်လာတာပါ။ ကိုယ့်တိုင်းရင်းသားရဲ့ ရိုးရာနှစ်သစ်ကူးအတွက် ပျော်တယ်၊ ဂုဏ်ယူတယ် နောင်နှစ်လည်း ဒီထက်မကစည်ကားအောင် ကြိုးစားသွားစေချင် တယ်''ဟု ကိုကျော်ဝင်းသင်းအုပ်ဆရာ (ဗေသလလားဟူ နှစ်ချင်းအသင်း တော်တာလေမြို့)ကဆိုသည်။
''ကျွန်မတို့ရွာကတော့ အယောက် တစ်ရာလောက်လာပါတယ်။  ဒီမှာ ရောင်းတဲ့လားဟူအ၀တ်အထည်ဆိုင် တွေက ၀တ်စုံတွေ ၀ယ်ကြတဲ့သူတွေ များတယ်။ သုံးရက်ဆိုတော့ သုံးစုံဝတ်ရတယ်။ လားဟူအင်္ကျီတွေက အမျိုးမျိုးရှိပြီး ၀တ်ထားဆင်ယင်မှု ကို အရမ်းသဘောကျတယ်။ တစ်ယောက်တစ်ပုံစံ ၀တ်ကြတာများတယ်''ဟု မနာခိုင် (ရန်ရှင်း၃ရွာ)က ပြောကြားပါသည်။
''ကျွန်တော်တို့ရွာက ၅၀ ယောက်လာကြတာပါ။ ပွဲတော်မှာ မတွေ့ရ တဲ့သူငယ်ချင်းတွေ ပြန်တွေ့ရတယ်။ လားဟူရိုးရာအကတွေ တွေ့ရတယ်။ အဆိုတော်တွေ တွေ့ရတယ်'' ဟု ကိုစိုးမြင့်ရွာသူကြီး(မိုင်းကိုး အုပ်စုမောတွီကျေးရွာ)က ပြောကြား ပါသည်။ ပွဲတော်သို့ ရပ်နီးရပ်ဝေးမှ လားဟူတိုင်းရင်းသား ၈၀၀၀ ကျော် ခန့် တက်ရောက်ဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။ဆုလဏီး(တာချီလိတ်)