မန္တလေး နှင့် နယ်သတင်းများ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနားအဆန်ရထား လမ်းချော်မှုဖြစ်ပွားသောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
- ၀ဥခြောက်များ ပြည်ပတင်ပို့မှု တွင်ကျယ်လျက်ရှိကာ ဈေးကောင်းရလာ
- (၃၉)ကြိမ်မြောက် တအာင်း(ပလောင်) စာပေနေ့ အထိမ်းအမှတ် အခမ်းအနား လားရှိုးမြို့ ခေးနင်းကျေးရွာတွင် ကျင်းပ
- မန္တလေးမြို့တွင်း ပြေးဆွဲလျက်ရှိသည့် ဘတ်စ်ကားလိုင်းများမှ မော်ဒယ်နိမ့် ဒိုင်နာကားများကို အစားထိုးရန်နှင့် လိုင်းသစ်များ တိုးချဲ့ရန် လိုအပ်
- မူဆယ်-မန္တလေး ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွား
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| မန္တလေး ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် ပထမဆုံးအကြိမ်အဖြစ် မျောက်လွှဲကျော်တစ်ကောင် မွေးဖွား |
|
|
|
|
မန္တလေး ရတနာပုံတိရစ္ဆာန် ဥယျာဉ်တွင် ဇန်န၀ါရီလ ၂၄ ရက် နေ့ နံနက်က ပထမဆုံးအကြိမ်အဖြစ် မျောက်လွှဲကျော်တစ်ကောင် မွေးဖွားခဲ့ကြောင်း သတင်းရရှိသည်။ ယခုမွေးဖွားသော မျောက်လွှဲ ကျော်မှာ မျက်ခုံးဖြူမျိုး (Hoolock gibbon) ဖြစ်ပြီး ရှားပါးမျိုးနွယ်ဝင် တိရစ္ဆာန်ဖြစ်ကြောင်းလည်း သိရှိရသည်။ ''မျောက်လွှဲကျော်တွေက တိရစ္ဆာန်ဥယျာဉ်ထဲမှာ မွေးခဲပါတယ်။ အခုမွေးတာက ရှားရှားပါးပါးလို့ ပြောလို့ရပါတယ်။ ပျမ်းမျနှစ်နှစ်မှာ တစ်သားပဲမွေးလေ့ရှိပါတယ်။ တစ်ခါမွေးမှတစ်ကောင်ပဲမွေးပြီး ဆောင်းရာသီမှာပဲ မွေးလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ရက်က ရက် ၂၀၀ က ၂၁၀ ရက်အတွင်း ရှိပါတယ်''ဟု တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ မျောက်လွှဲကျော်တွင် သုံးမျိုးသုံးစားရှိပြီး မျောက်လွှဲကျော်အကြီး၊ မျောက်လွှဲကျော်လက်ဖြူနှင့် မျောက် လွှဲကျော်မျက်ခုံးဖြူမျိုးဟု သိရသည်။ ရတနာပုံတိရစ္ဆာန် ဥယျာဉ်တွင် မျောက်လွှဲကျော်အကောင်ရေ ၁၁ ကောင်ရှိ ပြီး ယခုမွေးဖွားသော မျောက်လွှဲကျော်မှာ သားမခွဲရသေးသဖြင့် လောလောဆယ် အထီးအမ မခွဲခြားနိုင်သေးကြောင်း သိရသည်။ |





Comments