မန္တလေး နှင့် နယ်သတင်းများ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနားအဆန်ရထား လမ်းချော်မှုဖြစ်ပွားသောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
- ၀ဥခြောက်များ ပြည်ပတင်ပို့မှု တွင်ကျယ်လျက်ရှိကာ ဈေးကောင်းရလာ
- (၃၉)ကြိမ်မြောက် တအာင်း(ပလောင်) စာပေနေ့ အထိမ်းအမှတ် အခမ်းအနား လားရှိုးမြို့ ခေးနင်းကျေးရွာတွင် ကျင်းပ
- မန္တလေးမြို့တွင်း ပြေးဆွဲလျက်ရှိသည့် ဘတ်စ်ကားလိုင်းများမှ မော်ဒယ်နိမ့် ဒိုင်နာကားများကို အစားထိုးရန်နှင့် လိုင်းသစ်များ တိုးချဲ့ရန် လိုအပ်
- မူဆယ်-မန္တလေး ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွား
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| အဋ္ဌမအကြိမ်မြောက် ကွန်ပျူတာနှင့် သတင်းဆက်သွယ်ရေး ဆိုင်ရာနည်းပညာပြပွဲ ကျင်းပမည် |
|
|
|
|
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း(မန္တလေးတိုင်း)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်း (မန္တလေးတိုင်း)တို့မှ အဋ္ဌမအကြိမ်မြောက် ကွန်ပျူတာနှင့် သတင်းဆက်သွယ်ရေးဆိုင်ရာ နည်းပညာပြပွဲကို မြို့တော်ခန်းမ(၁)တွင် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ''မန္တလေးမြို့အပါအ၀င် မြန်မာနိုင်ငံအထက်ပိုင်းက လုပ်ငန်းရှင်တွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ နည်းပညာလေ့လာလိုသူတွေအတွက် အိုင်စီတီနည်းပညာ ပြန့်ပွားသိရှိစေရေး၊ အိုင်စီတီလုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေကို မန္တလေးမြို့နဲ့ပတ်ဝန်းကျင်လူထုအကြား ပို့ဆောင်ပေးနိုင်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလိုပြပွဲတွေကို အသင်းနှစ်သင်းပူးပေါင်းပြီး နှစ်စဉ်ကျင်းပပေး ခဲ့တာပါ''ဟု မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဥက္ကဋ္ဌ ဒေါ်စန္ဒီခေတ် က ပြောကြားသည်။ အဆိုပါပြပွဲတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ Notebook များ၊ Digital Device များ၊ Computer Related Electronic Device များနှင့်အတူ နောက်ဆုံးပေါ်ခေတ်မီ ကွန်ပျူတာ နည်းပညာများကို အများပြည်သူ ကြည့်ရှုအားပေးနိုင်ရန် ကုမ္ပဏီပေါင်း ၄၀ မှ ပြခန်းပေါင်း ၆၂ ခန်းဖြင့် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲအထိမ်းအမှတ်အဖြစ် ကွန် ပျူတာနည်းပညာဗဟုသုတနှင့် ဉာဏ်စမ်းမေးခွန်း ဖြေဆိုပြိုင်ပွဲကိုလည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။ |





Comments