ရန်ကုန်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


နယ်နိမိတ်ကန့်သတ်ချက်ဖြင့် ချထားပေးသော CDMA-800MHz ဖုန်းများကို ရန်ကုန်တိုင်း အတွင်းသယ်ဆောင် အသုံးပြုနိုင်ရန်စီစဉ်မည် PDF Print E-mail
မြို့နယ်အလိုက်နယ်နိမိတ်ကန့် သတ်ချက်ဖြင့် ချထားပေးလျက်ရှိ သော CDMA-800MHz  ဖုန်းများကို ရန်ကုန် တိုင်းအတွင်းသယ်ဆောင်အသုံးပြုနိုင် ရန် စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလဒုတိ ယအပတ်မှစတင်၍ မြို့နယ်အလိုက် နယ်နိမိတ်ကန့်သတ်ချက်ဖြင့်အသုံးပြု ရမည့် CDMA-800MHz ဖုန်းများကို ရန်ကုန်တိုင်းအတွင်းစတင်ချထားပေး ခဲ့ရာ ဇန်န၀ါရီလကုန်ပိုင်းအထိ  ဖုန်း အရေအတွက် ၄၀၀၀ ၀န်းကျင်ကို ချ ထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။        ''နယ်နိမိတ်ကန့်သတ်ချက်နဲ့ အသုံးပြုနိုင်ဖို့ချပေးထားတဲ့ CDMA-800MHz ဖုန်းတွေကို  လိုင်းပမာဏ အပေါ်မူတည်ပြီးရန်ကုန်တိုင်းအတွင်း သယ်ဆောင်အသုံးပြုနိုင်အောင်စီစဉ် သွားပါမယ်။ ဒီဖုန်းတွေကို အရင်ဆုံး ချထားပေးတဲ့ မန္တလေတိုင်းမှာလည်း ဒီလိုပဲမန္တလေးမြို့အတွင်းသယ်ဆောင် အသုံးပြုလို့ရတာပါဘဲ။ အလားတူ ရန်ကုန်မြို့မှာလည်း သယ်ဆောင်အ သုံးပြုနိုင်အောင် စီစဉ်နေတာပါ။ အ ချိန်အတိအကျပြောလို့မရပေမယ့် လ ပိုင်းအတွင်းသယ်ဆောင်အသုံးပြုနိုင် အောင်စီစဉ်သွားမှာ ဖြစ်ပါတယ်'' ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ တာ ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။   

ထို့ပြင် CDMA-800MHz ဖုန်း များကို ရန်ကုန်တိုင်းအတွင်းဆက်လက် ချထားပေးသွားမည်ဖြစ်ပြီး ဖုန်းအလုံး ရေ ၃၀၀၀၀၀ ၀န်းကျင်အထိချထား ပေးသွားရန်ရှိကြောင်း သတင်းရရှိပါ သည်။

 

Comments

 
0 #1 aunghaseena 2010-02-13 05:46
အင် ပြောတာတော့ကောင်းပါတယ် ဆက်သွယ်ရေကရော ဘယ်လိုလဲ့ ထပ်ပိတ်အုံးမှာလ :-x