ရန်ကုန်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


'နိုင်ငံများဒီမိုကရေစီစနစ် ကျင့်သုံးလာပုံ'ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပမည် PDF Print E-mail
ပြည်ထောင်စုမြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် UMFCCI ၊ ပြန်ကြား ရေးနှင့် သတင်းနည်းပညာမြှင့်တင်ရေး ဆိုင်ရာလုပ်ငန်းကော်မတီမှ 'နိုင်ငံများ ဒီမိုကရေစီစနစ်ကျင့်သုံးလာပုံ' ခေါင်း စဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဟောပြောပွဲ ကျင်းပရန် စီစဉ်ထားကြောင်း UMFCCI  တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိ ပါသည်။

'နိုင်ငံများဒီမိုကရေစီစနစ်ကျင့် သုံးလာပုံ'ခေါင်းစဉ်ဖြင့် တွဲဖက်ပါမောက္ခ ဒေါက်တာကျော်ရင်လှိုင်မှ ဟောပြော မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လည် ၂ နာရီတွင် မင်းရဲကျော် စွာ လမ်းရှိ UMFCCI အသင်းချုပ်ရုံး၊ မင်္ဂ လာခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဟောပြောပွဲသို့ စိတ်ပါဝင်စား သူမည်သူမဆိုတက်ရောက်နိုင်ကြောင်း   နှင့် ပတ်သက်၍ အဆိုပါတာဝန်ရှိသူ က ''ဘယ်သူမဆိုလွတ်လပ်စွာ တက် ရောက်နိုင်ပါတယ်။ 'How Countries Democratize' 'နိုင်ငံများဒီမိုကရေစီစ နစ်ကျင့်သုံးလာပုံ' ခေါင်းစဉ်နဲ့ ဟော ပြောမှာပါ''ဟု ပြောကြားခဲ့သည်။