ပြည်တွင်းသတင်းများ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- ဂျပန်နိုင်ငံ၌ ပညာသင်ယူပြီးသည့် မြန်မာကျောင်းသားများ အပါအ၀င် နိုင်ငံတကာ ကျောင်းသားများ အလုပ်ရရှိရန် ပိုမိုကြိုးပမ်းလာရ
- ဦးတင်ကျော်သန်း[Myanmar Mineral Resources Trading & Geological Service Co., Ltd, Chairman, F.G.A (London)] နှင့်တွေ့ဆုံခြင်း ၊'Supply များရင် Demand နည်းတယ်ဆိုပေမယ့် ၀ယ်လိုအားမကျတဲ့အပြင် ကျောက်စိမ်းဝယ်လိုအားက နှစ်စဉ်မြင့်တက်နေပါတယ်'
- ငါးသိန်းတန်ဖုန်း CDMA 800 MHz များတွင် 3G စနစ်ဖြင့် အင်တာနက် ၀န်ဆောင်မှုပေးမည်
- နေရာ ၃၀ တွင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူများအတွက် အေအာတီ ဆေးပေးခန်းများ ဖွင့်လှစ်ထား
- အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံသည် မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါ လျော့နည်းပပျောက်သော ဒုတိယမြောက်နိုင်ငံ ဖြစ်လာ
- သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများအဖြစ် ယခုနှစ်အတွင်း ရေကြီးရေလျှံ ဖြစ်စဉ်များရှိခဲ့
- နက္ခတ်လပြည့်ရက်နှင့် ပြက္ခဒိန်လပြည့်ရက် တူညီလေ့မရှိသော်လည်း ပြီးခဲ့သည့် ၀ါဆိုလပြည့်နေ့နှင့် လာမည့် သီတင်းကျွတ်လပြည့်နေ့တို့ ထူးခြားတိုက်ဆိုင် တူညီမှုရှိနေ
- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ မြန်မာနိုင်ငံ၏အဆင့် လျော့နည်းလာ
- နိုင်ငံပိုင် သစ်တောကြိုးဝိုင်းများရှိ ပုဂ္ဂလိက ကျွန်းစိုက်ခင်းများကို နှစ် ၃၀ ထုတ်လုပ် ရောင်းချထိန်းသိမ်းခွင့်ပြု
- မြန်မာ-ထိုင်းနယ်စပ်မှ တင်သွင်းနေသော ကုန်သွယ်ရေး လုပ်ငန်းအချို့ ကော့သောင်းနှင့် တာချီလိတ်တို့တွင် ရုံးခွဲများဖွင့်လှစ်၍ လုပ်ငန်းလည်ပတ်
- သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုနှင့် မူပိုင်ခွင့် ထိပါးချိုးဖောက်မှု အပါအ၀င် ပြစ်မှု ၁၀ မျိုးအား တရားမ၀င်သောငွေကြေးနှင့် ပစ္စည်းများကို တရားဝင်စေရန် ပြုလုပ်သည့် ပြစ်မှုများအဖြစ် သတ်မှတ်
- မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာအစီရင်ခံစာကို အောက်တိုဘာလ အရောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းရမည် ဖြစ်ကြောင်း သိရ
- ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သိန်း ၄၀ ကျော်ရှိပြီး မဲရုံပေါင်း ၆၀၀၀ ၀န်းကျင် ရှိမည်ဖြစ်ကြောင်း သိရ
- ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့သည် မဲဆန္ဒနယ်အများစုတွင် အဓိကပြိုင်ဘက် များ ဖြစ်လာကြောင်းသိရ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| မြန်မာ့ဆန် ပြည်ပဈေးကွက်ရရှိမှု အနေအထား လက်ရှိအခြေအနေတွင် အလားအလာ အကောင်းဆုံးဖြစ်နေ |
|
|
|
|
မြန်မာ့ဆန်၏ ပြည်ပဈေးကွက် ရရှိမှု အနေအထားမှာ လက်ရှိအချိန် တွင် အလားအလာ အကောင်းဆုံး အနေအထားတွင် တည်ရှိနေသော် လည်း ယခုနှစ်လယ်ပိုင်းတွင် ရာသီဥတုပုံမှန်ရှိပါက ကမ္ဘာ့ဆန်အထွက်နှုန်းများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားနိုင်ပြီး ကမ္ဘာ့ဆန်ဈေးနှုန်းနှင့် ၀ယ်လိုအားပါ ပြန်လည်ကျဆင်းသွားနိုင်သည့် အခြေအနေမျိုး နှင့်လည်း ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း ဆန်စပါးသုတေသီများက သုံးသပ်ပြောကြားသည်။ ပြီးခဲ့သည့်နှစ်တွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးမှုများပြားသည့် အိန္ဒိယနိုင်ငံအပြင် အာရှဆန်ကို အဓိကစားသုံးပြီး စိုက်ပျိုး ထုတ်လုပ်မှုပိုင်း ကောင်းမွန်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်များကြောင့် စိုက်ဧရိယာများ လျော့ကျကာ စပါးအထွက်နှုန်းများ ကျဆင်းခဲ့ရသည့် အတွက် ပြည်ပမှဆန်တင်သွင်းရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ ယင်းသို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်ဈးကွက်တွင် ဈေးကွက်ရရှိမှု အနေအထားမှာ အလားအလာများ ကောင်းမွန်ခဲ့ပြီး ၂၀၀၉ ခုနှစ် (ဇန်န၀ါရီလမှ ဒီဇင်ဘာလ) အထိ ဆန် မက်ထရစ်တန်ချိန် တစ်သန်းကျော် အထိတင်ပို့နိုင်ခဲ့သည့် အနေအထားများသို့ ရောက်ရှိခဲ့သည်။ ''ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့ မှန်းဆခဲ့သလိုပဲ ကမ္ဘာ့တစ်ဝှမ်းမှာ ရာသီဥတုတွေ ဖောက်ပြန်ခဲ့တဲ့အတွက် ဆန်အထွက်ဆုတ်ခဲ့သလို ၀ယ်လိုအားတွေလည်း တက်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း ဈေးကွက်အသစ်တွေ ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် တစ်နှစ်လုံးမှာ ဆန်မက်ထရစ်တန်ချိန် တစ်သန်းကျော် ပို့နိုင်ခဲ့ပါတယ်။ အခုနှစ်မှာတော့ ရာသီဥတုအနေအထားတွေ ကောင်းမယ်ဆိုရင်တော့ ကမ္ဘာဆန်အထွက်နှုန်း ပုံမှန်ပြန်ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီလိုဆိုရင်တော့ ကမ္ဘာ့ဈေးကွက်မှာ ဆန်ဈေးနှုန်းရော ၀ယ်လိုအားပါ ပြန်လည်ကျဆင်းသွား နိုင်ပါတယ်''ဟု မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ''တကယ်တော့ ကျွန်တော်တိုရဲ့ ဆန်ကြိတ်ခွဲနိုင်မှု အနေအထား၊ သိုလှောင်မှု အနေအထား၊ သင်္ဘောတင် အနေအထားတွေအရ တစ်လတန်ချိန် တစ်သိန်းလတိုင်း ရဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အရေးကြီးဆုံးအချက် ကတော့ ပြည်တွင်းရော ပြည်ပမှာပါ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဈေးနှုန်းတွေနဲ့ ဈေးကွက်အတွင်း စီးဆင်းသွားဖို့ပါပဲ။ တောင်သူတွေအတွက်လည်း ပြည်တွင်းစပါးဈေးကွက်မှာ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတွေရဖို့ လိုအပ်ပါတယ်'' ဟု ဆန်စပါး သုတေသီတစ်ဦးဖြစ်သူ မြန်မာပိုင်အိုနီယား ရိတ်သိမ်းချိန်လွန် နည်းပညာအဖွဲ့မှ ဒေါက်တာမျိုးအောင်ကျော်က သုံးသပ်ပြောကြားခဲ့သည်။ လက်ရှိတွင် ပြည်တွင်းစပါး ဈေးကွက်၌ မိုးစပါး ဈေးကောင်းရခဲ့၍ နွေစပါးကို အင်တိုက်အားတိုက် စိုက်ပျိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ တောင်သူအများအနေဖြင့် နွေစပါးတွင်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေး နှုန်းများ ရရန်မျော်လင့်နေကြောင်း သိရသည်။ ''ကျွန်တော်တို့ တောင်သူဆို တာက စပါးဈေးလေး ကောင်းပါမှ တိုးစိုက်ရဲတဲ့ အနေအထားပါ။ သိတဲ့အတိုင်း သွင်းအားစုအနေအထားတွေအရ တစ်ဧကကုန်ကျစရိတ်က နွေစပါးဆို ပိုများတတ်ပါတယ်။ အခု ကျွန်တော်တို့ နွေစပါးကို တိုးရဲတယ်ဆိုတာ ပြီးခဲ့တဲ့ မိုးစပါးမှာ အခြေအနေကောင်းတာလည်း ပါပါ တယ်''ဟု မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ် မြို့တောရွာမှတောင်သူ ကိုစိုးလှိုင်က ဆိုပါသည်။ |




