ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


အိမ်နီးချင်းနိုင်ငံများ အပါအ၀င် နိုင်ငံအချို့တွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းမရှိ၊ အရေးပေါ်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစီမံချက်ဖြင့် ဆောင်ရွက်နေ PDF Print E-mail
၂၀၀၉ ခုနှစ်မှ ၂၀၁၀ ပြည့် နှစ် ဇန်န၀ါရီလအထိ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအိုတို့ အပါအ၀င်နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ဖြစ်ပွားမှုမရှိသေး ကြောင်းနှင့် ကြက်ငှက်တုပ်ကွေး ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် အရေးပေါ်ကာကွယ်ရေးနှင့် ရောဂါထိန်းချုပ်ရေးစီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

''မြန်မာနိုင်ငံအနေနဲ့ ကြက်ငှက် တုပ်ကွေးရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို ပြည်တွင်းက ဌာန၊ အဖွဲ့အစည်းတွေအပြင် ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE) ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့(FAO)၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ၊ CARE Myanmar ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနအစရှိတဲ့ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ ပူးပေါင်းပြီး အာဆီယံမဟာဗျူဟာတွေ၊ မူဘောင်တွေနဲ့အညီ အရေးပေါ်ကာကွယ်ရေးနှင့် ရောဂါထိန်းချုပ်ရေးစီမံချက်(Contingency Plan) ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်''ဟု မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ် မောင်မောင်သိမ်းက ပြောကြားခဲ့ သည်။

ကြက်ငှက်တုပ်ကွေးရောဂါသည် စတင်ဖြစ်ပွားခဲ့သည့် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလအထိ စာရင်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း ၆၁ နိုင်ငံတွင် ဖြစ်ပွားမှုရှိခဲ့ပြီး နိုင်ငံ ၁၅ နိုင်ငံတွင် လူ ၄၄၇ ဦးသို့ ကူးစက်ကာ ၂၈၂ဦး အသက် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ် က မန္တလေးတိုင်းနှင့် စစ်ကိုင်းတို့၌ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပြီး ကြက်ကောင်ရေ ခြောက်သိန်းခွဲခန့် သုတ်သင်ဖျက်ဆီးခဲ့ရကြောင်းနှင့် ၂၀၀၇ခုနှစ်တွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ကာ ၂၀၀၇ ခုနှစ် နှောင်းပိုင်းတွင် ကျိုင်းတုံ၌ အသက်ခုနစ်နှစ် သမီးအရွယ်ကို ကူးစက်ခဲ့သော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေး ရောဂါမှာ စီးပွားဖြစ်မွေးမြူသည့် ကြက်များတွင် ဖြစ်ပွားခဲ့ပြီး ၂၀၀၇ ခုနှစ်နှစ် ကုန်ပိုင်းတွင်မူ ဒေသကြက်များတွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ကင်းရှင်းကြောင်း ကို ၂၀၀၈ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကမ္ဘာသို့ကြေညာနိုင်ခဲ့ကြောင်းလည်း သိရှိရပါသည်။