ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ

မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုးသမီးငယ်များအား လိမ်ညာလူမှောင်ခိုကူးသည့် လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် စင်ကာပူနိုင်ငံသားတစ်ဦးနှင့် ၄င်းပိုင်ဆိုင်သည့် ပြည်တွင်းကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်းသွင်း PDF Print E-mail
မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုးသမီးများကို လိမ်ညာလူမှောင်ခိုကူးသည့် လုပ်ငန်းများအား ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသဖြင့် စင်ကာပူနိုင်ငံသားတစ်ဦး နှင့် ၄င်းပိုင်ဆိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်းထည့်သွင်း သတ်မှတ်လိုက်ကြောင်း ကြေညာချက်များအား နေပြည်တော်ရှိ ၀န်ကြီးဌာနအချို့တွင် သတိပေးထုတ်ပြန်ထားကြောင်း စုံစမ်းသိရှိရပါသည်။

စင်ကာပူနိုင်ငံသားသည် ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် လုပ်ငန်းပြည်ဝင်ခွင့် ဗီဇာလျောက်ထားရာတွင် မြန်မာနိုင်ငံမှ မသိနားမလည်သော အမျိုး သမီးငယ်များအား လိမ်ညာလူမှောင်ခိုကူးသည့်လုပ်ငန်း ဆောင်ရွက်ဖွယ်ရှိကြောင်း သံသယရှိသောကြောင့် စင်ကာပူနိုင်ငံရှိ မြန်မာသံအမတ်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြအကြောင်းကြားခဲ့ကြောင်း၊ ထိုကဲ့သို့ အကြောင်းကြားလာမှုအပေါ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ စစ်ဆေးပေါ်ပေါက်ချက်အရ စင်ကာပူနိုင်ငံသား တစ်ဦး၏ ငွေကြေးနှင့်ဖွဲ့စည်း တည်ထောင်ထားသော အထွေထွေဝန်ဆောင်မှုကုမ္ပဏီကို ဖျက်သိမ်းပြီး ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံသား အပါအ၀င် လူပုဂ္ဂိုလ်များအား အမိန့်ကြေညာစာ ထုတ်ပြန်သည့် နေ့မှစ၍ အမည်ပျက်စာရင်းတွင် ထည့်သွင်း သတ်မှတ်လိုက်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ထိုကဲ့သို့ အမည်ပျက်စာရင်း ထုတ်ပြန်ကြေညာရာတွင် စင်ကာပူ နိုင်ငံသားတစ်ဦးနှင့် အတူ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်ဆိုသူ မြန်မာအမျိုးသမီးနှစ်ဦးလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
 
Comments

0 #1 Norton 2010-02-06 17:12
Company နာမည်နဲ့ နာမည်ပျက်စာရင်း အသွင်းခံရတဲ့လူေ တွကို ဖော်ပြပေးစေလိုပါတယ်... ဒါမှလည်း... နောက်တစ်ခါ ဒီလူတွေနဲ့တွေ့ခဲ့ရင်တောင် ရျောင်လို့ရမှာပါ.. ဒီသတင်းကို အသိမှတ်ပြပေမယ့် ဒီအထဲမှာပါတဲ့ ကုမဏီနဲ့ လူတွေက လက်ရှိတွဲလုပ်နေ မိခဲ့ရင် ကျွန်တော်တို့ ဘယ်လိုသိနိုင်မှာလဲခညာ..