ရန်ကုန်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


သီရိမင်္ဂလာဈေး၊ စံပြငါးဈေးနှင့် ကမ်းနားဈေးတို့ ပြောင်းရွှေ့ရမည် ဆိုသည်နှင့် ပတ်သက်၍ လတ်တလောတွင် မည်သည့် အစီအစဉ်မျ မရှိသေးကြောင်း မြို့တော်ဝန် ပြောကြား PDF Print E-mail
   ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျောက်တွင်ရှိသော သီရိမင်္ဂလာဈေး၊ ဗဟိုစံပြငါးဈေးကြီးနှင့် ကမ်းနားဈေးတို့ ပြောင်းရွှေ့ရမည်ဆိုခြင်း မှာ မဟုတ်မှန်ကြောင်းနှင့် ကောလာဟလသတင်းများသာ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောကြားသွားခဲ့သည်။
    အဆိုပါဈေးများ၏ အနာဂတ် အစီအစဉ်များနှင့် ပတ်သက်၍ လတ်တလောတွင် မည်သည့်အစီအစဉ်မျ မရှိသေးကြောင်းနှင့် မည်သည့် ညွှန်ကြားချက်မျလည်း  မရှိသေး ကြောင်း မြို့တော်ဝန်က ပြန်လည် ဖြေကြားခဲ့သည်။
    သီရိမင်္ဂလာဈေး၊ ဗဟို စံပြငါး ဈေးကြီးနှင့် ကမ်းနားဈေးတို့ ပြောင်းရွှေ့ကြရတော့မည်ဟု ကောလာဟလများ မကြာခဏထွက်ပေါ်လျက်ရှိ ပြီး အဆိုပါဈေးများတွင် နေထိုင် လုပ်ကိုင်ကြသူ ဈေးသူဈေးသား မိသားစုဝင်များ၊ ကားအငှားလိုက်ခြင်း လုပ်ကိုင်နေကြသူများ၊  ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်၊ ကုန်စုံဆိုင်လုပ်ငန်းများကို  လုပ်ကိုင်နေကြသူများ၊ အိမ်ခန်း၊ တိုက်ခန်း ငှားရမ်းလုပ်ကိုင်နေကြသူ များသည်လည်း ထွက်ပေါ်လာသည့် သတင်းများအပေါ်တွင် မကြာခဏ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခံစား ကြရသည်ဟု သိရှိရသည်။
    အဆိုပါဈေးကြီးများ ပြောင်းရွှေ့ရမည်ဆိုသော သတင်းများမှာ လွန်ခဲ့သောနှစ်များကပင် မကြာခဏထွက်ပေါ်ခဲ့သော သတင်းများ ဖြစ်ပြီး လောလောဆယ်ကာလတွင်  မည်သည့်အစီအစဉ်နှင့် မည်သည့် ညွှန်ကြားချက်မျ မရှိသေးကြောင်း မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။   
 

Comments

 
0 #1 speedspy 2010-02-07 19:02
ဆင်မင်းဈေးကော ပြောင်းမှာလား.........