ပြည်တွင်းသတင်းများ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- ဂျပန်နိုင်ငံ၌ ပညာသင်ယူပြီးသည့် မြန်မာကျောင်းသားများ အပါအ၀င် နိုင်ငံတကာ ကျောင်းသားများ အလုပ်ရရှိရန် ပိုမိုကြိုးပမ်းလာရ
- ဦးတင်ကျော်သန်း[Myanmar Mineral Resources Trading & Geological Service Co., Ltd, Chairman, F.G.A (London)] နှင့်တွေ့ဆုံခြင်း ၊'Supply များရင် Demand နည်းတယ်ဆိုပေမယ့် ၀ယ်လိုအားမကျတဲ့အပြင် ကျောက်စိမ်းဝယ်လိုအားက နှစ်စဉ်မြင့်တက်နေပါတယ်'
- ငါးသိန်းတန်ဖုန်း CDMA 800 MHz များတွင် 3G စနစ်ဖြင့် အင်တာနက် ၀န်ဆောင်မှုပေးမည်
- နေရာ ၃၀ တွင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူများအတွက် အေအာတီ ဆေးပေးခန်းများ ဖွင့်လှစ်ထား
- အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံသည် မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါ လျော့နည်းပပျောက်သော ဒုတိယမြောက်နိုင်ငံ ဖြစ်လာ
- သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများအဖြစ် ယခုနှစ်အတွင်း ရေကြီးရေလျှံ ဖြစ်စဉ်များရှိခဲ့
- နက္ခတ်လပြည့်ရက်နှင့် ပြက္ခဒိန်လပြည့်ရက် တူညီလေ့မရှိသော်လည်း ပြီးခဲ့သည့် ၀ါဆိုလပြည့်နေ့နှင့် လာမည့် သီတင်းကျွတ်လပြည့်နေ့တို့ ထူးခြားတိုက်ဆိုင် တူညီမှုရှိနေ
- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ မြန်မာနိုင်ငံ၏အဆင့် လျော့နည်းလာ
- နိုင်ငံပိုင် သစ်တောကြိုးဝိုင်းများရှိ ပုဂ္ဂလိက ကျွန်းစိုက်ခင်းများကို နှစ် ၃၀ ထုတ်လုပ် ရောင်းချထိန်းသိမ်းခွင့်ပြု
- မြန်မာ-ထိုင်းနယ်စပ်မှ တင်သွင်းနေသော ကုန်သွယ်ရေး လုပ်ငန်းအချို့ ကော့သောင်းနှင့် တာချီလိတ်တို့တွင် ရုံးခွဲများဖွင့်လှစ်၍ လုပ်ငန်းလည်ပတ်
- သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုနှင့် မူပိုင်ခွင့် ထိပါးချိုးဖောက်မှု အပါအ၀င် ပြစ်မှု ၁၀ မျိုးအား တရားမ၀င်သောငွေကြေးနှင့် ပစ္စည်းများကို တရားဝင်စေရန် ပြုလုပ်သည့် ပြစ်မှုများအဖြစ် သတ်မှတ်
- မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာအစီရင်ခံစာကို အောက်တိုဘာလ အရောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းရမည် ဖြစ်ကြောင်း သိရ
- ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သိန်း ၄၀ ကျော်ရှိပြီး မဲရုံပေါင်း ၆၀၀၀ ၀န်းကျင် ရှိမည်ဖြစ်ကြောင်း သိရ
- ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့သည် မဲဆန္ဒနယ်အများစုတွင် အဓိကပြိုင်ဘက် များ ဖြစ်လာကြောင်းသိရ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| မြန်မာမှအိန္ဒိယသို့ ပို့ကုန်တင်ပို့မှုပမာဏ အမေရိကန် ဒေါ်လာသန်း ၈၀၀ ၀န်းကျင်အထိရှိပြီး ငါးနှစ်အတွင်း နှစ်ဆကျော်မြင့်တက် |
|
|
|
|
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ကုန်စည်တင်ပို့မှုပမာဏမှာ နှစ်စဉ် မြင့်တက်လျက်ရှိနေပြီး ၂၀၀၅ ခုနှစ် အတွင်းက အမေရိကန်ဒေါ်လာ သန်း ၃၃၀ ၀န်းကျင်ဖိုးသာ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၀၉ ခုနှစ် အတွင်း၌ အမေရိကန်ဒေါ်လာသန်း ၈၀၀ ၀န်း ကျင်ဖိုးအထိ တင်ပို့နိုင်သည့်အတွက် ငါးနှစ်အတွင်း နှစ်ဆကျော်မြင့်တက်လာကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များကို အများဆုံးတင်ပို့ပြီး အိန္ဒိယနိုင်ငံမှ ဆေးနှင့်ဆေး ပစ္စည်းပြန်လည်တင်သွင်းမှုမှာ အများဆုံးဖြစ်ကြောင်း နှင့် ၂၀၀၉ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ ဆေးနှင့် ဆေးပစ္စည်း အမေရိကန်ဒေါ်လာသန်း ၅၀ ၀န်း ကျင်ဖိုး ပြန်လည်တင်သွင်းခဲ့သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍတို့တွင် တရုတ်နိုင်ငံထက်ပင် ပိုမိုတိုးမြှင့်လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း အိန္ဒိယ-မြန်မာ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ Mr.G.L. Goenka က မြန်မာလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။ Mr.G.L. Goenka အနေဖြင့် အိန္ဒိယ-မြန်မာစီးပွားရေးလုပ်ငန်း ရှင်များရောင်းသူဝယ်သူ တွေ့ဆုံပွဲတွင် ပြောကြားရာ၌ ကုန်သွယ်မှုကဏ္ဍ ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖြစ်စေ တိုးမြှင့်ရန်အစီအစဉ်များ၌ အိန္ဒိယ နိုင်ငံနှင့်မြန်မာ ကုန်သွယ်မှုမှာတရုတ်- မြန်မာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ထက်နည်းပါးနေသော်လည်း လာမည့် အနာဂတ်တွင် တရုတ်နိုင်ငံထက်ပင် ပိုမိုသာလွန်အောင် ရင်းနှီးမြှုပ်နှံခြင်း၊ ကုန်သွယ်ခြင်းပြုလုပ်သွားရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။ ''အိန္ဒိယ-မြန်မာ ကုန်သွယ်မှု ဟာ တရုတ်-မြန်မာ ကုန်သွယ်မှု ထက်နည်းပါးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံနဲ့ အပြိုင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု မှာ လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေ ရှိတာတွေ့လာပါပြီ။ တရုတ်နိုင်ငံနဲ့ အပြိုင်လုပ်ကိုင်ရင်း တရုတ် ရဲ့ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုထက် ပိုပြီးလုပ်နိုင်မယ်လို့ ထင်ပါတယ်။ အခုလို လုပ်ငန်းရှင်အချင်းချင်း တွေ့ဆုံတာများပြားလာတဲ့နောက်မှာ ဒီအခွင့်အလမ်းတွေကို မြင်တွေ့လာတာ ပါ''ဟု အိန္ဒိယ-မြန်မာစီးပွားရေး လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ၄င်းကပြောကြားခဲ့သည်။ လက်ရှိတွင် အာဆီယံလွတ် လပ်သောကုန်သွယ်မှု အခွင့်အလမ်းများကို ထိရောက်စွာအသုံးချရန် အိန္ဒိယအနေဖြင့် ဆန္ဒရှိနေကြောင်းလည်း အစည်းအဝေး တက်ရောက်ခဲ့သူများထံမှ သိရှိရသည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံရှိ လုပ်ငန်းငါးမျိုးတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ရင်းနှီးမြှုပ်နှံထားသည့်ငွေပမာဏ မှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလကုန် အထိ စာရင်းများအရ အမေရိကန် ဒေါ်လာ ၁၈၉ သန်းရှိကြောင်း သိရသည်။ |




