မန္တလေး နှင့် နယ်သတင်းများ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနားအဆန်ရထား လမ်းချော်မှုဖြစ်ပွားသောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
- ၀ဥခြောက်များ ပြည်ပတင်ပို့မှု တွင်ကျယ်လျက်ရှိကာ ဈေးကောင်းရလာ
- (၃၉)ကြိမ်မြောက် တအာင်း(ပလောင်) စာပေနေ့ အထိမ်းအမှတ် အခမ်းအနား လားရှိုးမြို့ ခေးနင်းကျေးရွာတွင် ကျင်းပ
- မန္တလေးမြို့တွင်း ပြေးဆွဲလျက်ရှိသည့် ဘတ်စ်ကားလိုင်းများမှ မော်ဒယ်နိမ့် ဒိုင်နာကားများကို အစားထိုးရန်နှင့် လိုင်းသစ်များ တိုးချဲ့ရန် လိုအပ်
- မူဆယ်-မန္တလေး ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွား
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ၂၀၀၉ ခုနှစ် ပွင့်လင်းရာသီအတွင်း ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု ၂၀၀၈ ခုနှစ်ထက် နှစ်ဆကျော်များပြား |
|
|
|
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားများ ၀င်ရောက်မှုတွင် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလ ခရီးသွားပွင့်လင်းရာသီအတွင်း ၀င်ရောက်မှုသည် ၂၀၀၈ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ၀င်ရောက်မှုထက် နှစ်ဆကျော်များပြား ၀င်ရောက်ခဲ့ပြီး အများစုမှာ လေကြောင်းမှဝင်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။''ပုဂံကိုဧည့်သည်တွေက လေကြောင်းကနေပြီး အများဆုံးလာကြ တယ်။ ဒုတိယ အများဆုံးကတော့ ရေကြောင်းကပေါ့''ဟု ခရီးသွား လုပ်ငန်းရှင်တစ်ဦးဆိုသည်။ ပုဂံညောင် ဦးလေဆိပ်တွင် အဲပုဂံ၊ ရန်ကုန်အဲဝေးနှင့် အဲမန္တလေးလေကြောင်းများ နေ့စဉ်ပျံသန်းလျက်ရှိပြီး စင်းလုံးငှား လေယာဉ်ဖြင့်လည်း ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှုများ ရှိကြသည်။ ယခုနှစ် ခရီးသွားရာသီအတွင်း ပြည်တွင်း/ပြည်ပခရီးသွားများ ပုဂံ ဒေသသို့ အစုအပြုံလိုက် ၀င်ရောက်ခဲ့မှုကြောင့် ခရီးသွားများ၊ လေယာဉ် ခရီးစဉ် ကျပ်တည်းမှုများပင် ကြုံ တွေ့ခဲ့ကြပြီး၊ ဒေသခံခရီးသွားလုပ် ငန်းများတွင်လည်း ကားစီစဉ်ရခက် သည့်ဖြစ်စဉ်များ ကြုံတွေ့ခဲ့ကြရကြောင်း သိရပါသည်။ ပုဂံဒေသသို့ လာရောက်ခဲ့သော ခရီးသွားအများစု တွင် ထိုင်းနှင့် စပိန်လူမျိုးအများစုပါ ၀င်ပြီး၊ ၂၀၀၉ ခုနှစ်အတွင်း ထိုင်း လူမျိုးသုံးထောင်ကျော် ပုဂံသို့ လာရောက်ခဲ့ကြောင်း သိရှိရသည်။ ''ထိုင်းခရီးသွားတွေက နှစ်စဉ် လာကြတယ်၊ ဒီနှစ်က ကမ္ဘောဒီးယား အရေးကြောင့် ဒီဘက်ပိုပြီးလှည့်ဝင် လာကြတယ်''ဟု ထိုင်းဧည့်လမ်းညွှန် တစ်ဦးဆိုသည်။ ကမ္ဘာလှည့်ခရီးသွားများ ပုဂံဒေသသို့ ယခုအခါစဉ်ဆက်မပြတ် ၀င်ရောက်လာမှုကြောင့် ဒေသခံများ ၏ ခရီးသွားလုပ်ငန်းများ၊ ယွန်းလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အမှတ်တရပစ္စည်းရောင်းချခြင်း လုပ်ငန်း များ၊ ပို့ဆောင်ရေးလုပ်ငန်းများ များ စွာအဆင်ပြေလျက်ရှိကြောင်း သိရပါသည်။ |





ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားများ ၀င်ရောက်မှုတွင် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလ ခရီးသွားပွင့်လင်းရာသီအတွင်း ၀င်ရောက်မှုသည် ၂၀၀၈ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ၀င်ရောက်မှုထက် နှစ်ဆကျော်များပြား ၀င်ရောက်ခဲ့ပြီး အများစုမှာ လေကြောင်းမှဝင်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။