ပြည်တွင်းသတင်းများ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- ဂျပန်နိုင်ငံ၌ ပညာသင်ယူပြီးသည့် မြန်မာကျောင်းသားများ အပါအ၀င် နိုင်ငံတကာ ကျောင်းသားများ အလုပ်ရရှိရန် ပိုမိုကြိုးပမ်းလာရ
- ဦးတင်ကျော်သန်း[Myanmar Mineral Resources Trading & Geological Service Co., Ltd, Chairman, F.G.A (London)] နှင့်တွေ့ဆုံခြင်း ၊'Supply များရင် Demand နည်းတယ်ဆိုပေမယ့် ၀ယ်လိုအားမကျတဲ့အပြင် ကျောက်စိမ်းဝယ်လိုအားက နှစ်စဉ်မြင့်တက်နေပါတယ်'
- ငါးသိန်းတန်ဖုန်း CDMA 800 MHz များတွင် 3G စနစ်ဖြင့် အင်တာနက် ၀န်ဆောင်မှုပေးမည်
- နေရာ ၃၀ တွင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူများအတွက် အေအာတီ ဆေးပေးခန်းများ ဖွင့်လှစ်ထား
- အရှေ့တောင်အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံသည် မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါ လျော့နည်းပပျောက်သော ဒုတိယမြောက်နိုင်ငံ ဖြစ်လာ
- သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများအဖြစ် ယခုနှစ်အတွင်း ရေကြီးရေလျှံ ဖြစ်စဉ်များရှိခဲ့
- နက္ခတ်လပြည့်ရက်နှင့် ပြက္ခဒိန်လပြည့်ရက် တူညီလေ့မရှိသော်လည်း ပြီးခဲ့သည့် ၀ါဆိုလပြည့်နေ့နှင့် လာမည့် သီတင်းကျွတ်လပြည့်နေ့တို့ ထူးခြားတိုက်ဆိုင် တူညီမှုရှိနေ
- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ မြန်မာနိုင်ငံ၏အဆင့် လျော့နည်းလာ
- နိုင်ငံပိုင် သစ်တောကြိုးဝိုင်းများရှိ ပုဂ္ဂလိက ကျွန်းစိုက်ခင်းများကို နှစ် ၃၀ ထုတ်လုပ် ရောင်းချထိန်းသိမ်းခွင့်ပြု
- မြန်မာ-ထိုင်းနယ်စပ်မှ တင်သွင်းနေသော ကုန်သွယ်ရေး လုပ်ငန်းအချို့ ကော့သောင်းနှင့် တာချီလိတ်တို့တွင် ရုံးခွဲများဖွင့်လှစ်၍ လုပ်ငန်းလည်ပတ်
- သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုနှင့် မူပိုင်ခွင့် ထိပါးချိုးဖောက်မှု အပါအ၀င် ပြစ်မှု ၁၀ မျိုးအား တရားမ၀င်သောငွေကြေးနှင့် ပစ္စည်းများကို တရားဝင်စေရန် ပြုလုပ်သည့် ပြစ်မှုများအဖြစ် သတ်မှတ်
- မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာအစီရင်ခံစာကို အောက်တိုဘာလ အရောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းရမည် ဖြစ်ကြောင်း သိရ
- ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သိန်း ၄၀ ကျော်ရှိပြီး မဲရုံပေါင်း ၆၀၀၀ ၀န်းကျင် ရှိမည်ဖြစ်ကြောင်း သိရ
- ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့သည် မဲဆန္ဒနယ်အများစုတွင် အဓိကပြိုင်ဘက် များ ဖြစ်လာကြောင်းသိရ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| MAI နှင့် မြန်မာ့လေကြောင်းလိုင်းအား လေကြောင်းလိုင်း တစ်ခုတည်းအဖြစ် ပြန်လည်ပူးပေါင်းပြီး ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်းသိရ |
|
|
|
မြန်မာအပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ လေကြောင်းလိုင်း(MAI) နှင့် ပြည်တွင်းခရီးစဉ်များပြေးဆွဲနေသော မြန်မာ့လေကြောင်းလိုင်းအား လေကြောင်းလိုင်းတစ်ခုအဖြစ် ပူးပေါင်းပြီး ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။Union of Burma Airways (UBA) အမည်ဖြင့် ၁၉၄၈ စက်တင်ဘာလ ၁၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာ့လေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်များ ပျံသန်းရန် မြန်မာ့လေကြောင်းနှင့် စင်ကာပူနိုင်ငံ ဟိုက်ဆောနစ်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း(MAI) ကိုစတင်တည်ထောင်ခဲ့ကြောင်းသိရ သည်။ ထို့နောက် MAI အမည်ဖြင့် ပြည်ပခရီးစဉ်၊ မြန်မာ့လေကြောင်းလိုင်းအမည်ဖြင့် ပြည်တွင်းခရီး စဉ်များကို ပြေးဆွဲခဲ့သည်။ လက်ရှိအချိန်တွင် MAI နှင့် မြန်မာ့လေကြောင်းလိုင်းတို့အား လေကြောင်းလိုင်းတစ်ခုအဖြစ် ပြန်လည်ပူးပေါင်းပြီး ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းပေးရန် စီစဉ်လျက်ရှိကြောင်း လေ ကြောင်းလိုင်း အသိုင်းအ၀ိုင်းထံမှ စုံစမ်း သိရှိရပါသည်။ အဆိုပါ လေကြောင်းလိုင်းများ ကို ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းပေးရန် စီစဉ်နေပြီးMAI လေကြောင်းလိုင်း၏မူလ joint venture အဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ နေရာတွင် ပြည်တွင်းကုမ္ပဏီ တစ်ခုကို အစားထိုး ဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာ့လေကြောင်းတွင်မူ အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း သိရှိရပါသည်။ လွှဲပြောင်းပေးမည့် အစီအစဉ်အရ ပုဂ္ဂလိကကုမ္ပဏီ၏ လက်အောက်တွင် MAI နှင့် မြန်မာ့လေကြောင်းလိုင်းများမှာ လေကြောင်းလိုင်းတစ်ခုတည်းအဖြစ် တည်ရှိနေသော်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင်မူ အထက်ပါအတိုင်း ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။ ပုဂ္ဂလိကကုမ္ပဏီသို့ လွှဲပြောင်းပေးရာတွင်MAI လေကြောင်းလိုင်းမှာ မူလကတည်းက နိုင်ငံခြား ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့သော်လည်း မြန်မာ့လေကြောင်းလိုင်းမှာမူ အစိုးရပိုင် လေကြောင်းလိုင်းအဖြစ် သီးသန့်တည်ရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင်MAI နှင့် မြန်မာ့လေကြောင်းလိုင်းအား ပုဂ္ဂလိက ကုမ္ပဏီသို့ လွှဲပြောင်းပေးမှု ကို ညှိနှိုင်းသဘောတူညီမှုများရရှိနေပြီ ဖြစ်သော်လည်း နှစ်ဦး သဘောတူ အတည်ပြုချုပ်ဆိုရန် ကျန်ရှိနေသေးကြောင်းလည်း အဆိုပါ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။ သိင်္ဂီကျော်၊ ရတနာဦး |





မြန်မာအပြည်ပြည်ဆိုင်ရာ နိုင်ငံတကာ လေကြောင်းလိုင်း(MAI) နှင့် ပြည်တွင်းခရီးစဉ်များပြေးဆွဲနေသော မြန်မာ့လေကြောင်းလိုင်းအား လေကြောင်းလိုင်းတစ်ခုအဖြစ် ပူးပေါင်းပြီး ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။