မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| နေပြည်တော်တွင် လမ်း(၂၀)သွား ရာဇဌာနီလမ်းမကြီး ကျန်ရှိနေသော လမ်းပိုင်းဆိုင်ရာများ စတင် |
|
|
|
![]() နေပြည်တော်တွင် အထင်ကရလမ်းမကြီးတစ်ခုဖြစ်သော လမ်း (၂၀)သွား ရာဇဌာနီလမ်းမကြီးအား ကျန်ရှိနေသော လမ်းပိုင်းဆိုင်ရာများ စတင်ခင်းကျင်းလျက် ရှိသည်။ အဆိုပါ လမ်း(၂၀)သွား ရာဇဌာနီလမ်းမကြီးသည် နေပြည်တော်၏ အထင်ကရလမ်းမကြီးများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ယင်းလမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းပိုင်းဆိုင်ရာများမှာ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၊ ဘောဂသီရိအဝေးပြေးကားကွင်းကြီး၊ ပန်းခင်းလမ်းဆုံ၊ ရာဇသင်္ဂဟလမ်း၊ ၀န်ကြီးရုံးများသွားသော လမ်းမကြီးနှင့် သမ္မတအိမ်တော်၊ လွှတ်တော်ကြီးသို့ တိုက်ရိုက်ပေါက်ရောက်သော လမ်းမကြီးဖြစ်ကြောင်း သိရှိရသည်။ ''နေပြည်တော်ရဲ့ လမ်းပိုင်းဆိုင်ရာတွေက အရမ်းကောင်းလွန်းတော့ ယာဉ်သွားယာဉ်လာတွေ သတိထား မောင်းနှင်သင့်တယ်။ အခုဆိုရင် ဒီလမ်း ၂၀ သွားလမ်းမကြီးနဲ့ ပျဉ်းမနားရတနာဆင်ရုပ်ကနေ နေပြည်တော်မြို့မဈေးအထိ လေးလမ်းသွားကနေပြီး အခုဆိုရင် (၁၀)လမ်းသွားအထိ တိုးချဲ့နေပါတယ်။ နောက်ပြန်ကပြေးရွာနားကနေ ရာဇဌာနီလမ်းမကြီးအထိ ဖောက်လုပ်တာ လမ်းကြမ်းဖောက်လုပ် ပြီးစီးနေပါပြီ။ အဓိက ရာဇဌာနီလမ်းမကြီးကတော့ လမ်းပိုင်းဆိုင်ရာ တိုးချဲ့မှုလုပ်ငန်းတွေကို မကြာခင် ပြီးစီးအောင် ပြုလုပ်ရမှာပါ''ဟု လမ်းပိုင်းဆိုင်ရာ ခင်းကျင်းနေသော အင်ဂျင်နီယာတစ်ဦးက ဆိုပါသည်။ |





