မန္တလေး နှင့် နယ်သတင်းများ
- မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ
- မန္တလေးမြို့၊ အောင်ပင်လယ်ကွေ့ကြီးကုန်းရှိ ဘဲခြံနှစ်ခြံတွင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ပဋိပစ္စည်း ပါဝင်မှု ရေချိန်မြင့်တက်မှုကို တွေ့ရှိခဲ့
- ဘော်ကြိုဒေသတွင် ကုန်းတွင်းဆား ထွက်ရှိမှု ကောင်းသော်လည်း ဈေးကွက်ရရှိရန် နည်းပညာများ လိုအပ်နေ
- ၀ါတွင်းကာလတွင် မန္တလေးတိုင်းဒေသကြီး ငါးမြို့နယ်ရှိ ၀ါဆိုသံဃာ ၃၆၀၀၀ ကျော်၏ ဆွမ်းကွမ်းကိစ္စအတွက် ဘုံဆွမ်းလောင်း အသင်းများ၏ အခန်းကဏ္ဍမှာ အရေးပါလျက်ရှိ
- အမှတ် ၅၅ မန္တလေး-မြစ်ကြီးနား အဆန်ရထား လမ်းချော်မှု ဖြစ်ပွား သောကြောင့် အဆိုပါလမ်းပိုင်း ခရီးစဉ်များ ခေတ္တရပ်နားလိုက်ရ
- ၂၀၁၁ ခုနှစ်၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများ မြန်မာနိုင်ငံ စာစစ်အဖွဲ့သို့ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ၀င်ခွင့်စတင် လျှောက်ထားရမည်
- အင်းလေးဒေသ အတွင်း တရားမ၀င်နည်းဖြင့် ငါးဖမ်းသူများအား အရေးယူ ဆောင်ရွက်
- မြစ်ရေကြီးမှု တတိယကာလ စက်တင်ဘာလ ပထမအပတ် အတွင်း သံလွင်မြစ်ပြင် ဧရိယာ ကျယ်ပြန့်မှု ရှိလာခြင်းနှင့်အတူ မြစ်ကမ်းတစ်လျောက် မြေနုကျွန်းသောင် တချို့ပြိုဆင်းမှုများ ဖြစ်ပေါ်
- တောင်ကြီးမြို့တွင် မော်တော်ယာဉ် လိုင်းသစ်များ တိုးချဲ့
- မြ၀တီမြို့တွင် အိမ်ခြံမြေဈေး မြင့်တက်နေပြီး တန်းလျားဆောက်၍ အခန်းငှားရမ်းသည့် လုပ်ငန်းများလည်း တွင်ကျယ်
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| ပုဂံသို့ ပြင်သစ်လူမျိုးခရီးသွား အများဆုံးဝင်ရောက် |
|
|
|
![]() ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားပွင့်လင်းရာသီအတွင်း ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားများ ၀င်ရောက်မှုတွင် ပြင်သစ်လူမျိုးခရီးသွားများ ၀င်ရောက်မှုသည် အခြားနိုင်ငံခြားသားခရီးသွားများထက် အများဆုံးဝင်ရောက်ခြင်းဖြစ်ပြီး၊ ဒုတိယအများဆုံးဝင်ရောက်မှုမှာ ဂျာမန်လူမျိုးများဖြစ်ကြောင်း သိရသည်။ ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်လည်ပတ်မှုသည် နှစ်တစ်နှစ်၏ ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလတွင် အများအပြားဝင်ရောက်တတ်ပြီး၊ မေလနှင့်ဇွန်လတွင် ၀င်ရောက်မှုနှုန်း ကျဆင်းသွားတတ်ကြောင်း၊ ဇူလိုင်လတွင် တစ်ဖန်ဝင်ရောက်ကာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် အများအပြားပြန်လည် ၀င်ရောက်လာလေ့ရှိကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ယမန်နှစ်ခရီးသွားရာသီအတွင်း ပုဂံဒေသသို့ ၀င်ရောက်လာသော နိုင်ငံခြားသားခရီးသည်များ၏ ၀င်ရောက်မှု အခြေအနေအား လေ့လာကြည့်ရာ အများဆုံးသည် ပြင်သစ်၊ ဒုတိယအများဆုံးသည် ဂျာမန်၊ တတိယအများဆုံးသည် ထိုင်းလူမျိုးခရီးသွားများဖြစ်ပြီး အီတလီနှင့် စပိန်လူမျိုး ခရီးသွားများသည် စတုတ္ထနှင့် ပဉ္စမနေရာတွင် ဖြစ်ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်အတွင်း ပုဂံဒေသသို့ ပြင်သစ်လူမျိုး ၇၂၅၁ ဦးဝန်းကျင်၊ ဂျာမန်လူမျိုး ၆၂၄၅ ဦးဝန်းကျင်၊ ထိုင်းလူမျိုး ၅၂၅၉ ဦးဝန်းကျင်၊ အီတလီလူမျိုး ၅၀၈၇ ဦးဝန်းကျင်၊ စပိန်လူမျိုး ၄၁၃၈ ဦးဝန်းကျင် ၀င်ရောက်ခဲ့ကြောင်း သိရသည်။ |





