ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ယခုနှစ် ပဲရာသီ ပဲတီစိမ်းဈေးကောင်းနေပြီး ယခင် နှစ်နှစ် သုံးနှစ်အတွင်း မရဖူးသော ဈေးရရှိ ပြည်တွင်းပဲဈေးကွက်တွင်မူ ပဲဈေးကျရိပ်ရှိနေသော်လည်း ပြည်ပသို့တင်ပို့မှု အားကောင်းနေ PDF Print E-mail
   

 

ယခုနှစ် ပဲရာသီတွင် ပဲဈေး မြင့်တက်လျက်ရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိနေကြောင်း နှင့်အထူးသဖြင့် ပဲတီစိမ်းဈေးမှာ သိသိသာသာ ဈေးကောင်းနေပြီး ယခင်နှစ်နှစ်၊ သုံးနှစ်အတွင်း မရဖူး သောဈေးရရှိသောကြောင့် ပဲတီစိမ်း စိုက်ပျိုးသူများ သိသိသာသာတွက် ခြေကိုက်ကြောင်းနှင့် ပြည်တွင်းဈေး ကွက်တွင်မူ ပဲဈေးကျရိပ်ရှိနေသော်လည်း တင်ပို့မှုအားကောင်းနေကြောင်း သိရှိရသည်။

 
    ''အခု ကျွန်တော်တို့ဘက်မှာ ပထမ အသုတ် ပဲတွေအားလုံးခူးပြီး သွားလို့ ရန်ကုန်ဈေးကွက်ထဲကိုတောင် တင်ပို့နေပါပြီ။ ‘ဒုတိယ အသုတ် ထပ်ခူးဖို့ပဲ ကျန်ပါတော့တယ်။ ဒီနှစ်က အထွက်ကောင်း သလို၊ ဈေးလည်းကောင်းပါတယ်။ သွင်းအားစုအပြည့်အ၀ ထည့်တဲ့လူ တွေ ပိုပြီးအကျိုးရှိပါတယ်။ ရာသီဥတုပြဿနာရှိပေမယ့် သိသိသာသာ ထိခိုက်တာ မျိုးမရှိပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ဘက်မှာ စိုက်တဲ့ မတ်ပဲ၊ ပဲလွန်းဖြူနဲ့ ပဲတီစိမ်း(ရွှေဝါ) မှာ ပဲတီစိမ်းက ဈေးအကောင်းဆုံးပဲ။ ပဲတီစိမ်းတစ်တင်းကို ကျပ် ၃၃၀၀၀ ကနေကျပ် ၃၅၀၀၀ ကြားရှိပါတယ်။ ဒါဟာလွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လုံးလုံး မရဖူးတဲ့ဈေးနှုန်းပါ''ဟု ပဲခူးတိုင်း ပန်းလှိုင်ဒေသမှ တောင်သူကြီးတစ်ဦး က ပြောပြခဲ့သည်။


    ယခုတစ်ပတ်အတွင်း ဘုရင့် နောင်ကုန်စည်ဒိုင်တွင် ပဲဈေးအကျ က်သို့ ဦးတည်နေသော်လည်း အ တက်အကျအနည်းငယ်သာအပြောင်း အလဲရှိပြီးတင်ပို့မှုအားကောင်းနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။


    ယင်းကဲ့သို့ ပဲတင်ပို့မှုအားကောင်းရာတွင် အိန္ဒိယသို့ ပင်လယ် လေကြောင်းမှ တင်ပို့မှုအားကောင်း သကဲ့သို့ နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် တရုတ်နှင့်ထိုင်းနိုင်ငံသို့ တင်ပို့မှုလည်း အားကောင်းနေကြောင်း သိရသည်။


    ''ဒီတစ်ပတ်ပင်လယ်ရေကြောင်း ကနေမတ်ပဲ တင်ပို့မှုက အရင်တစ်ပတ်ကထက် ပဲတင်ပို့မှုမြင့်တယ်။ ဒီတစ် ပတ်မှာလည်း ၁၁၀၀၀ ကျော်တင်ပို့ ပြီး တန်ဖိုးအားဖြင့်တော့ အမေရိကန် ဒေါ်လာ ၉ ဒသမ ၄၃၂သန်းကျော်ဖိုး ရှိပါတယ်။ အဓိကအားဖြင့် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန် နိုင်ငံတွေကို တင်ပို့ပါတယ်''ဟု စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။


    အလားတူပင် ယခုတစ်ပတ် ငွေဈေးအပြောင်းအလဲကြောင့် ကုန် သည်များဘက်မှ ဈေးလျော့ဝယ် လာသကဲ့သို့ အိန္ဒိယဈေးကွက်တွင်လည်း ဆောင်းမတ်ပဲအသစ်များ ဈေးကွက်ထဲ ၀င်လာခြင်းကြောင့်ဈေး ကျဆင်းလာကြောင်းသိရှိရသည်။


    ယခုတစ်ပတ်အတွင်း ပင်လယ် ရေကြောင်းမှ ပဲစင်းငုံတင်ပို့မှုများ လာပြီး ပဲစင်းငုံတန်ချိန်တစ်သောင်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၉ သန်းနီးပါးဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်တစ်ပတ်ထက် သုံးဆကျော် ပိုမိုတင်ပို့လာနိုင်ခဲ့ကြောင်းနှင့် အလားတူ၊ ယူအေအီး၊ ထိုင်း၊ စင် ကာပူနှင့် မလေးရှားသို့လည်း တင်ပို့မှုရှိနေကြောင်း သိရသည်။


    အလားတူပင် ပင်လယ်ရေကြောင်းမှ ပဲတီစိမ်းတင်ပို့မှုလည်း များနေကြောင်း၊ ယခုတစ်ပတ် အတွင်း ပဲတီစိမ်းတန်ချိန် ၁၈၀၀၀၀ ကျော်တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုထက် နှစ်ဆခန့်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။


    ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရန်ကုန် FOB ဈေးနှုန်းများမှာ ပဲတီ စိမ်း (ပခုက္ကူ) တစ်တန်လျင် အမေရိကန်ဒေါ်လာ ၁၀၅၀-၁၀၆၀၊ ပဲတီရွှေဝါအသေးမှာ အမေရိကန်ဒေါ်လာ ၁၀၇၀-၁၀၉၀ ကြားနှင့် အညာပဲတီ စိမ်းမှာ အမေရိကန်ဒေါ်လာ ၁၀၁၀-၁၀၂၀ ဖြစ်ကြောင်းနှင့် အိန္ဒိယ၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ ဂျပန် နှင့် ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။


    ဘုရင့်နောင်ကုန်စည်ဒိုင်၏ မတ်လ ၁ ရက်နေ့ ပေါက်ဈေးများမှာ မတ်ပဲ (Raw) ပိဿာ ၆၀ လျင် ကျပ် ၇၃၆၀၀၊ RC တစ်တန်လျင် ၇၄၂၇၄၈ ကျပ်၊ SQ တစ်တန်လျင် ကျပ် ၈၂၀၀၀၀ နှင့် ကျပ် ၈၃၅၀၀၀  ကြား၊ ပဲတီစိမ်း ပိဿာ ၆၀ လျင် ကျပ် ၁၀၇၀၀၀ နှင့် ကျပ် ၁၁၅၀၀၀ နှင့် ပဲစင်းငုံမှာ ကျပ် ၈၇၀၀၀၀ ပေါက်နေကြောင်း သိရသည်။


    ''ပဲဈေးက အရင်တစ်ပတ်ထက် စာရင် နည်းနည်းလေးပြန်တက် တယ်။ ဒါပေမယ့် ပဲရာသီဆိုတော့ အများကြီးတော့ မတက်ဘူး။ ခြုံပြီး ကြည့်ရင်တော့ နည်းနည်းကျရိပ်ရှိ ပေမယ့် ဈေးကောင်းနေပါတယ်''ဟု e-Trade Myanmar မှ တာဝန်ရှိသူ တစ်ဦးကပြောပြခဲ့သည်။