မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ယခုနှစ် အင်းတော်ကြီးအိုင် ရေလယ် ရွှေမဉ္ဇူဘုရားပွဲတော်၌ ယခင်နှစ်ပွဲတော်ရက်များထက် အင်းရေကျဆင်း PDF Print E-mail
 

 

   ယခုနှစ် အင်းတော်ကြီးအိုင် ရေလယ် ရွှေမဉ္ဇူဘုရားပွဲတော်၌ ယခင်နှစ်ပွဲတော်ရက်များထက် အင်း ရေကျဆင်းနေခဲ့ကြောင်း သိရှိရသည်။ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်ရေလယ်ရွှေမဉ္ဇူ ဘုရားပွဲအား တပေါင်း လဆန်း ၈ ရက်မှ လပြည့်နေ့အထိ (ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၈ ရက် ထိ)စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အင်းရေပြင်မှာ ယခင်နှစ် မိုးရာသီကာလ မိုးရွာသွန်းမှုနည်း ပါးခဲ့သောကြောင့် ပုံမှန်ထက်နည်းပါးနေခဲ့ကြောင်း အင်းသားများထံမှ သိရသည်။


    ''ဘုရားပွဲတော်ရက်တွေမှာမှ လူလမ်း(လျောက်လမ်း)ပေါ်လာတာ ထူးခြားမှုပါ။ အဲလို လူလမ်းပေါ်ကနေ ဘုရားရင်ပြင်တော်ကို သွားတဲ့တစ်လျောက်မှာ အရင်နှစ်တွေကဆို ခြေမျက်စိလောက် ရေစပ်စပ်နဲ့ သွား ကြရတာ။ ဒီနှစ်တော့ အင်းရေပြင်က လျောက်လမ်းအောက်ပေ၀က်လောက် ကျနေပြီး ပုံမှန်ထက်တစ်ပေလောက် ကျသွားတယ်။ အရင်နှစ်တွေက ပွဲတော်ပြီးတာနဲ့ ရေပြင်မြေပြင်တစ်ခုလုံး သန့်ရှင်းစင်ကြယ်အောင် ပလ္လင်ဆေးမိုးရွာချလိုက်တော့ လူလမ်းတွေ လည်း ပျောက်သွားတာ။ အဲဒါက နောက်နှစ်ဘုရားပွဲတော်ရက်မှ ပြန်ပေါ်လာတာလေ။ ဒီနှစ်တော့ လူလမ်းက ပျောက်မသွားတော့ဘူး''ဟု အင်းသားတစ်ဦးက ဆိုသည်။


    ယခုနှစ်ဘုရားပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် ဇီဝိတဒါန ငါးလွှတ်ပွဲကိုပြုလုပ်ခဲ့ပြီး အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ပြခန်းဖွင့်လှစ်ပြသထားရှိရာ စိတ်ဝင်တစား ၀င်ရောက်ကြည့်ရှုသူများပြား ခဲ့ကြောင်း တွေ့ရှိရသည်။


    အင်းတော်ကြီးအိုင်မှာ ရေပြင် စတုရန်းမိုင် ၁၀၀ ရှိပြီး ရေမြေ သဘာဝပြောင်းလဲမှုများအရ ယခင် က တောင်မြောက်အလျား ၁၆ မိုင်၊ အရှေ့အနောက် အနံရှစ်မိုင်ရှိသော်လည်း ယခုအခါ အလျား ၁၄ မိုင်၊ အနံခုနစ်မိုင်သာရှိပြီး ကန်ရေပြင်ပျမ်း မျအနက်မှာ ပေ ၂၀ နှင့်အနက်ဆုံး အပိုင်းမှာ ၆၅ ပေထိရှိကြောင်း သိရှိရသည်။