ရန်ကုန်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ရန်ကုန်တိုင်းအတွင်း ပုဂ္ဂလိက မူလတန်းကြိုကျောင်း ၅၁ကျောင်း အထိတိုးလာ သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီမှသာဖွင့်လှစ်ခွင့်ရရှိမည် PDF Print E-mail

 

      ရန်ကုန်တိုင်းအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုပုဂ္ဂလိက မူလတန်းကြိုကျောင်း ၅၁ ကျောင်း အထိ တိုးလာပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီမှသာ ဖွင့်လှစ်ခွင့်ရရှိမည် ဖြစ်ကြောင်းသိရသည်။

 
      ပုဂ္ဂလိကပိုင် မူလတန်းကြို ကျောင်းလျောက်ထားလိုသူများအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက် ၁၂ ချက်နှင့် ကိုက်ညီပါက ဖွင့်လှစ်ခွင့်ကို လျောက်ထားနိုင်ကြောင်း သိရသည်။


     မူလတန်းကြိုကျောင်း၌ လက် ခံထားသောကလေးများသည်လည်း  အသက်သုံးနှစ်ပြည့်ပြီး အသက် ငါး နှစ်အောက်ဖြစ်ရမည်ဖြစ်ကာ မူလတန်း ကြိုကျောင်းနေရင်း အသက် ငါးနှစ်ကျော်သော်လည်း မူလတန်းကျောင်းသို့ အပ်နှံခြင်းမပြုသေးသောကလေး များကို လက်ခံနိုင်ကြောင်းသိရသည်။


     ရန်ကုန်တိုင်း၌ ၂၀၀၁ ခုနှစ် နောက်ပိုင်းမှစတင်ကာ လူမှုဝန်ထမ်း ဦးစီးဌာနပိုင် မူလတန်းကြိုကျောင်း ၂၉ ကျောင်းရှိလာကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ပုဂ္ဂလိက မူလတန်းကြို ကျောင်း ၄၂ ကျောင်းရှိခဲ့ရာမှ ယခု နှစ် မတ်လ ၉ ရက်နေ့ အထိ ၅၁ ကျောင်းအထိ တိုးလာခဲ့ပြီး ကိုယ့် အားကိုယ်ကိုးကျောင်း ၅၂ ကျောင်း  မှာလည်း ၅၈ ကျောင်းအထိရှိလာ ကြောင်း သိရပါသည်။


     ''ပုဂ္ဂလိကပိုင် မူလတန်းကြို ကျောင်း လျောက်ထားတာတွေကို  ပုဂ္ဂလိကမူကြိုကျောင်းများ စိစစ် ထောက်ခံတင်ပြရေးအဖွဲ့က သေချာ စစ်ဆေးပြီးမှ ဖွင့်လှစ်ခွင့်ပေးတာဖြစ်တယ်။ စစ်ဆေးတဲ့နေရာမှာတော့ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့ ညီ၊ မညီကို သွားရောက်စစ် ဆေးကြပါတယ်။ စည်းကမ်းချက်တွေနဲ့ ကိုက်ညီရင်တော့ ကျောင်းဖွင့်လှစ်ခွင့်ကို ထောက်ခံတင်ပြပေးပါတယ်''ဟု တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။