အခြားအားကစားသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


Myanmar Open 2010 ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပုံများအား Star Sport ရုပ်သံလိုင်းမှ တစ်ဆင့်ပြသမည်ဖြစ်ကြောင်း သိရ PDF Print E-mail

        ဧပြီလ ၈ ရက်နေ့မှ ၁၁ရက်နေ့အထိ ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်း၌ ကျင်းပသွားမည့် Myanmar Open 2010 ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပုံများကို Star Sport ရုပ်သံလိုင်းမှ ပြိုင်ပွဲအပြီး နောက်ရက်များတွင် တစ်ဆင့်ပြန်လည် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

       ''ဒီပြိုင်ပွဲက World Ranking Point ပေးတဲ့ပြိုင်ပွဲတစ်ခုပါ။ ဒါကြောင့် နိုင်ငံပေါင်း ၂၀ ကျော်က နာမည်ကြီးဂေါက်သီးကစားသမားတွေ ပါကြမှာပါ။ နောက်ပြီး မြန်မာနိုင်ငံမှာ ကျင်းပတဲ့ဂေါက်သီးရိုက်ပြိုင်ပွဲတွေမှာ ဆုကြေးအများဆုံးပါပဲ။ ဒီပြိုင်ပွဲကစားကြပုံတွေကို တစ်ဆင့်ပြန်လည်ထုတ်လွှင့်ပေးဖို့ Star Sport  ရုပ်သံလိုင်းနဲ့ ညှိနှိုင်းမှုတွေ လုပ်ထားပါတယ်။ ယှဉ်ပြိုင်ကစားကြပုံတွေကို ပြိုင်ပွဲအပြီးနောက်ရက်တွေမှာ တစ်နာရီစာ လွှင့်ပေးမယ်လို့ သိရပါတယ်''ဟု မြန်မာနိုင်ငံ ဂေါက်သီးရိုက်အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။

       အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၀ ကျော်မှ အားကစားသမားပေါင်း ၁၄၄ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စိုးကျော်နိုင်၊ အောင်ဝင်း၊ ဇော်ဇော်လတ်စသည့် Professional Golfer များအပါအ၀င် ပြိုင်ပွဲဝင် ၂၄ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာသုံးသိန်း အကုန်အကျခံကျင်းပခြင်းဖြစ်ကာ ပထမဆုကို အမေရိကန်ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။