ပြည်တွင်းသတင်းများ
- FEC နှင့် earning ဈေးများ နာရီပိုင်းအတွင်း ထိုးဆင်းနေ
- ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းသားများ ပိုမိုများပြားလာ၍ ထောက်ပံ့မှုများ လိုအပ်နေ
- နိုင်ငံတကာ ကုန်စည်ပြပွဲများ သွားရောက်ပြသရာတွင် ရောင်းဝယ်မှုအသွက်ဆုံး ကုန်စည်မှာ ကျောက်မျက်ပစ္စည်းဖြစ်ပြီး ပြည်တွင်းထုတ် အခြားကုန်စည်အများစုမှာ ပြပွဲသွားရောက်မှုစရိတ် ပြန်ရရေးလုံးပမ်းရသည်က ပိုများကြောင်းသိရ
- ရန်ကုန်မြို့တွင် ၀ိုင်ဖိုင်ဇုန်များ ထပ်မံတိုးချဲ့ရန် စီစဉ်နေကြောင်း သိရ
- ၂၀၁၀ ပြည့်နှစ်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပုဂ္ဂလိကအက်ဖ်အမ် ရေဒီယိုလိုင်းပေါင်း ၇ ခုရှိလာခဲ့ပြီး ၂၄ နာရီ ကြည့်ရှုနိုင်သည့် ရုပ်သံလိုင်းတစ်ခု အပါအ၀င် ထုတ်လွှင့်ပြသနေသည့် ရုပ်မြင်သံကြားလိုင်းမှာ ၄ ခုရှိလာ
- မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံရသူ ဦးရေနှစ်သိန်းသုံးသောင်းကျော် ရှိကြောင်း သိရ
- မှတ်ပုံတင်ထားခြင်း မရှိသည့် အနောက်တိုင်းဆေး ရောနှောတိုင်းရင်းဆေးဝါး ၁၂ မျိုးကို သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားကြောင်း သိရ
- နယ်မှလာသည့် ရွေ့လျားဈေးသည်များ အသွင်ဖြင့် နေအိမ်များသို့သွားရောက်ကာ လိမ်လည်ရောင်းချမှုများရှိနေ
- သောကြာဂြိုဟ်ကြတ်သည့် နေကြတ်မှုဖြစ်စဉ် လာမည့်အောက်တိုဘာလ ၂၉ ရက်နေ့၌ ဖြစ်ပေါ်ရန်ရှိ
- အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည့်ဒေသများကို ဖြတ်သန်းရမည့် သင်္ဘောသားတိုင်း သင်္ဘောနှင့် သက်ဆိုင်သည့် အာမခံ၊ အခွင့်အရေးများကို နားလည်ထားရမည်ဟုသိရ
- ပြည်တွင်းစက်မှုဇုန်၌ ပြန်လည်တည်ဆောက်သော သစ်လုံးတင်ယာဉ်များတွင် လုံခြုံခိုင်ခံ့သည့် ယာဉ်ဖွဲ့စည်းမှုမျိုး အမြန်ပြုပြင်ထားကြရန် ညွှန်ကြားချက်ထုတ်ပြန်
- မြစ်ရေကြီးမှု တတိယကာလအတွင်း ဧရာဝတီမြစ်၊ ဒုဋ္ဌ၀တီမြစ်နှင့် သံလွင်မြစ်တို့တွင် စိုးရိမ်ရေမှတ်များသို့ ရောက်နိုင်သည်ဟု ခန့်မှန်း
- ဆိုင်ခန်းနေရာ ဖယ်ခိုင်းသော သက်ဆိုင်ရာ၏ ညွှန်ကြားချက် အမိန့်တစ်ရပ်သည် ဥပဒေနှင့်ညီညွှတ်မှုမရှိ၍ ဆိုင်ခန်းနေရာ မဖယ်ပေးသူများ အနိုင်ရသည့်အမှုရှိခဲ့
- အရပ်လက်သည်၊ ဆေးဆရာနှစ်ဦးတို့နှင့် မီးဖွားရာမှ မိခင်သေဆုံးခဲ့ရသည့် ဖြစ်ရပ်အား ကျန်းမာရေးဦးစီးဌာနက စစ်ဆေးခဲ့
- သယံဇာတထုတ်ယူ သုံးစွဲမှု စနစ်ကျနမှုမရှိပါက ဂေဟစနစ်ပျက်ပြားမှုနှင့်အတူ ရာသီဥတု ပြောင်းလဲပျက်စီးမှုများ ကိုပါ ဆက်စပ် ဖြစ်ပေါ်စေနိုင်ကြောင်း သိရ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| Social Visit Pass ဖြင့်သွားသူများ ဗီဇာသက်တမ်းကုန်ဆုံးလျင် စင်ကာပူ ICA မှ ဗီဇာထပ်မံ တိုးမပေးတော့ဟု ထုတ်ပြန် |
|
|
|
စင်ကာပူသို့ အလုပ်အကိုင် ဦးတည်ချက်ဖြင့် Social Visit Pass ကိုင်ဆောင်ကာ သွားသူများ၊ှStudent Pass လျောက်ထားဆဲဟုဆိုကာ ဗီဇာသက်တမ်းကုန်ဆုံးလျင် ICA(Immigration & Check points Authority) သို့ သက်တမ်း ပြန်လည်တိုးရာ၌ ယခင်ကကဲ့သို့ တစ်လသက်တမ်းပြန်လည် တိုးပေးတော့မည်မဟုတ်ကြောင်း စင်ကာပူ ICA က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
|





Comments
အယ်ဒီတာအဖွဲ့
အထက်ပါသတင်းနဲ့ပ က်သက်၍ စဉ်းစားစေချင်ပါ သည်။ ဒီနေ့ဘဲ ကျွန်တော်အွန်လိုင်းတိုးတာ Approved ဖြစ်ပါသည်။ မြန်မာပြည်ထဲကလူ တွေ သတင်းအမှားတွေမရ စေချင်သောကြောင့်  ပြောပြရပါသည်။ အယ်ဒီတာအဖွဲ့အနေ ဖြင့် သတင်းကိုပြန်လည် စဉ်းစားပြီး ဖြေရှင်းစေချင်ပါသည်။ ကျေးဇူးတင်ပါသည် ။
Latest Press Releases
12 Mar 2010Public Advisory
09 Mar 2010Concrete plans go up in smoke!
12 Feb 2010Double Prosperity for ICA
10 Feb 2010Travellers Advised To Plan Journey When Using Land Checkpoints
09 Feb 2010Twist of Fate after a Wrong Turn
--Ref links ; http://www.ica.gov.sg/index.aspx
There is no such a press release on Feb22.
Wish the best all my friend who is seeking a new challenge in singapore !
ကျွန်တော် အခု ICA website ကို ဝင်ကြည့်ပြီးပြါ ပိ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှထုတ်ပြန်ကြေ ညာ ထားတာမရှိပါဘူး။
အခုဆိုရင် စင်ကာပူကို social visit နဲ့လာတဲ့ သူဟာ စင်ကာပူ ရောက်တဲ့ နေ. ကစပြီး ရက်ပေါင်း (သုံးဆယ်) အထိတောင် မဟုတ်ပါဘူး။ ရက်ပေါင်း (ကိုးဆယ်) အထိ ဆက်လက်နေထိုင်ခွ င့် သက်တန်းတိုး လျှောက်ထားနိုင် ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံက လာတဲ့သူတွေ လည်းအကြုံးဝင်ပါ တယ်။ ကိုယ်တိုင်သွားစ ရာတောင် မလိုပါဘူး။ online လျှောက်လို.ရပါတယ်။ကျွန်တော်တို.က အထောက်အထားမပါဘဲ မပြောပါဘူး။ ဒီ link အတိုင်း ဝင်ကြည့်နိုင်ပါ တယ်။
https://www.psi.gov.sg/NASApp/tmf/TMFServlet?action=PROCESS&gotoPage=PublicWelcomePage&page=MainWelcomePage
မြန်မာနိုင်ငံက စင်ကာပူလာပြီးအလုပ်ရှာဖို. ကြိုးစားနေကျတဲ့ လူတွေကို သတင်းမှားတွေ မရစေချင်လို့ပါ။
အယ်ဒီတာအဖွဲ့
ကျွန်တော်ဟာ လက်ရှိစင်ကာပူမှာ အလုပ်လုပ်ကိုင်ေ နသူဖြစ်ပါတယ်။ အထက်ဖော်ပြပါ "Social Visit Pass ဖြင့်သွားသူများ ဗီဇာသက်တမ်းကုန် ဆုံးလျင် စင်ကာပူ ICA မှ ဗီဇာထပ်မံ တိုးမပေးတော့ဟု ထုတ်ပြန်" ဆိုတဲ့ သတင်းကို ဖတ်မိတော့ အတော်ပဲအံ့သြမိပါတယ်။ ဒီသတင်းဟာ လုံးဝမှန်ကန်မှု မရှိပါဘူး။ ဒီနေ့ပဲ သူငယ်ချင်းတစ်ဦး သက်တမ်းတိုးလို့ ICA ကတစ်လသက်တမ်းဆက် နေထိုင်ခွင့်ပေး ကြောင်း အတည်ပြုစာကိုလက် ခံရရှိပါတယ်။ သက်သေအနေနဲ့ ကျွန်တော်ဆီကို အီးမေးနဲ့ပို့ပေးထားပါတယ်။ ဒီသတင်းကြောင့် ဒီရက်ပိုင်းအတွင်း အလုပ်လာရှာကြမယ့် မြန်မာပြည်က သူငယ်ချင်းတွေရော၊ လက်ရှိ စင်ကာပူရောက်ပြီးအလုပ်လာရှာနေသူ တွေရော စိုးရိမ်ပူပန်မှု ဖြစ်သွားကြပါတယ် ။ ဂျာနယ်မှာဖော်ပြ ထားတဲ့ " ဗီဇာသက်တမ်းကုန် ဆုံးလျင် ICA(Immigration & Check points Authority) သို့ သက်တမ်း ပြန်လည်တိုးရာ၌ ယခင်ကကဲ့သို့ တစ်လသက်တမ်းပြန် လည် တိုးပေးတော့မည်မ ဟုတ်ကြောင်း စင်ကာပူ ICA က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ သည်။" ဆိုတဲ့ သတင်းမူရင်းကို အင်တာနက်မှာ လိုက်ရှာတာမတွေ့ လို့ ကျေးဇူးပြုပြီး လင့်ခ်လေးညွန်းေ ပးစေချင်ပါတယ်။
အကောင်းဆုံးလို့ ကြွေးကြော်နေတဲ့ မီဒီယာကြီးအနေနဲ့  နိုင်ငံရပ်ခြား သတင်းတွေဖော်ပြတဲ့နေရာမှာ ဂရုစိုက်စေချင်ပါတယ်၊ ပိုမိုကောင်းမွန်စေလိုတဲ့ အပြုသဘောနဲ့ တင်လိုက်ပါတယ်..