ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


မြန်မာအချို့ စင်ကာပူကုမ္ပဏီများတွင် အလုပ်ရပြီးသော်လည်း MOM ၏ S Pass ပယ်ချခံရမှုရှိနေ PDF Print E-mail
    စင်ကာပူတွင် လတ်တလော ကျောင်းပြီးထားသူများ၊ ဒီပလိုမာ၊ အဆင့်မြင့်ဒီပလိုမာပြီးထားသူ မြန်မာ အချို့သည် စင်ကာပူကုမ္ပဏီများတွင် အလုပ်လျောက်ထားကြရာ၌ အလုပ်ရရှိပြီး ဖြစ်သော်လည်း စင်ကာပူ MOM ၏ S Pass ငြင်းပယ်ခံရမှု များ ယခုနှစ်ပိုင်းတွင်ပိုမိုကြုံတွေ့လာရသည်ဟု စင်ကာပူပညာရေး လုပ်ငန်းလုပ်ကိုင်နေသူများနှင့် ပြန် လည် ရောက်ရှိလာသူအချို့ထံမှ စုံ စမ်းသိရှိရပါသည်။

 
    စင်စစ်အားဖြင့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ပြန်လည်ထူ ထောင်ရေးကာလတွင် စင်ကာပူသို့ ကျောင်းတက်ရန်သော်လည်းကောင်း၊ အလုပ်လုပ်ကိုင်ရန်သော် လည်းကောင်း ရောက်ရှိလာကြသူများ၏ အရည်အသွေးကိုမြှင့်တင်လို၍ ကျောင်းပြီးထားသူများတွင် လုပ်သက်အတွေ့ အကြုံရှိ၊ မရှိ၊ အင်္ဂလိပ်စာအရည် သွေးကောင်းမွန်မှုရှိ၊ မရှိဖြင့် MOM မှ S Pass ကို ကန့်သတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း စင်ကာပူရေးရာ ကျွမ်းကျင်သူအချို့ကမှတ်ချက်ပြုသည်။


    ယခင်က စင်ကာပူကုမ္ပဏီ တစ်ခုတွင် ခုနစ်ဦးမှာ စင်ကာပူနိုင်ငံသားနှင့် စင်ကာပူတွင်နှစ်ရှည်နေထိုင်သူများဖြစ်ကြကာ သုံးဦးမှာ မြန်မာအပါအ၀င် နိုင်ငံခြားသား အလုပ်သမားများဖြစ်ပြီး S Pass ဖြင့် နေထိုင်လုပ်ကိုင်ကြသည်။ ယခုအခါ ကိုးဦးတွင် တစ်ဦးလျင်သာ S Pass  ရရှိမှုများကြောင့် ကုမ္ပဏီတွင်အလုပ်ရရှိပြီးမှ S Pass ပယ်ချခံရသူများမှာ များလာခဲ့ရသည်။


    ကမ္ဘာ့စီးပွားရေး အကျပ်အတည်း မတိုင်မီကာလနှစ် အနည်းငယ်ကစင်ကာပူသို့ မြန်မာနိုင်ငံသားမည်သည့် ဘွဲ့ရမဆို အလုပ်လျောက်ထားပါက စင်ကာပူ MOM မှ လ ချက်ချင်း ချထားပေးခဲ့ဖူးသည်များလည်း ရှိခဲ့သည်ဟု လွန်ခဲ့သည့်နှစ်အနည်းငယ် က နိုင်ငံမှ စိုက်ပျိုးရေးဘွဲ့ရတစ်ဦး ၏ စင်ကာပူတွင် အလုပ်အကိုင်ရရှိ မှုကို စင်ကာပူပညာရေးကျွမ်းကျင်သူ ဦးနေလင်းဖြိုးက ဆိုပါသည်။


    ''MOM က ကုမ္ပဏီတစ်ခုမှာ လုပ်နေတဲ့အလုပ်သမားတွေရဲ့ရာထူး နဲ့ ကိုက်ညီတဲ့လစာ၊ နေထိုင်ခွင့်ကို စိစစ်အကဲဖြတ်ချပေးတာပါ။ အရင် က ကုမ္ပဏီတွေက အလုပ်ခန့်လိုက်ရင် MOM ကလည်း S Pass ဒါမှ မဟုတ် အလုပ်သမားအရည်အချင်း နဲ့ကိုက်ညီတဲ့ Pass တစ်ခုခုချပေး ပါတယ်။ အခုကုမ္ပဏီက အလုပ်ခန့်လိုက်တာတောင် S Pass ပယ်ချတာ တွေရှိနေလို့ တချို့ပြန်လာခဲ့ရတယ်'' ဟု စင်ကာပူသို့ မကြာခဏသွားရောက်လေ့ရှိသူ ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူကပြောပြခဲ့ပါသည်။


    ယခုအခါ S Pass ပယ်ချခံရ၍ စင်ကာပူတွင်နေထိုင်ရန် Student Pass ပြန်လည် လျောက်ထားသူများသည်လည်း နေထိုင်ခွင့်မရတော့သည့်အပြင် အချို့မှာနေရပ်သို့ ပြန်လည်ရောက်ရှိလာရသည့် ဖြစ်စဉ်များ ရှိလာခဲ့သည့်အတွက် S Pass များ၊ှStudent Pass များလျောက်ထားရာ တွင်ကျွမ်းကျင်သူများနှင့် တိုင်ပင်ပြီးမှ ပြုလုပ်သင့်ကြောင်း Crown  စင်ကာပူ ပညာရေးအေဂျင်စီမှ ဦးအောင်ကျော်ဆန်းက အကြံပြုခဲ့သည်။

 

Comments

 
-1 #4 kemose 2010-03-19 13:24
၉ ဦးလျှင်တဦးမဟု တ်ပါဘူး။ ၄ ဦးလျှင်တဦးပါ။ eleven media သတင်းတွေကိုဘယ်က ရလို့ ဘယ်လိုတင်နေလဲတော့မသိပါ။ သေချာစုံစမ်းပြီးမှ တင်စေချင်ပါသည်။
 
 
0 #3 sawthet 2010-03-17 17:14
Hi there,..
to got the spass firsty u really need to have at least a diploma..
cannot apply the spass with 10th standard pass..
 
 
-2 #2 ရဲရင့်နီ 2010-03-16 15:40
၁၀တန်းအောင် မြင်သူများ S Pass လျှောက်ထားနိုင် သည် ။ ဘွဲ့ရရန်မလိုပါ ။ (Registration Confirmation for S Pass Appeal Test ) ဝင်ရောက်ဖြေဆိုရ န်သာလိုအပ်သည် ။ အဓိကမှာ လုပ်ငန်းအတွေ့ အကြုံရှိရန်နှင် မိမိအလုပ်လျှောက်သော ကုမ္ပဏီမှ မိမိ၏ အရည်အချင်းကို နှစ်သက်ရန်သာ အဓိကကျသည်။
 
 
0 #1 messi 2010-03-15 08:42
သတင်းရင်းမြစ်အတွက် Weekly Eleven ကိုလုံးဝ ယုံကြည်စိတ်ချသည်။ သို့သော်လည်း ယခုကဲ့သို့နိုင် ငံရပ်ခြားအလုပ်အ ကိုင်နှင့် ပက်သက်၍မူ တိကျသေချာသော သတင်းရင်းမြစ်များကို အဓိက အသုံးပြုစေချင်ပါသည်။ ကျေးဇူးတင်ပါသည်