ပြည်တွင်းသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ယာဉ်မောင်းလိုင်စင်များကို လေဆာကိရိယာဖြင့် စစ်ဆေးနိုင်သည့် ကွန်ပျူတာသုံး ကတ်စနစ်အဖြစ် အရောင်များခွဲခြားကာ စတင်ပြောင်းလဲထုတ်ဝေ PDF Print E-mail
     ယာဉ်မောင်းလိုင်စင်များကို ယခုနှစ် မတ်လ ၁၀ ရက်နေ့မှစတင်ကာ  လေဆာကိရိယာဖြင့် စစ်ဆေးနိုင်သော ကွန်ပျူတာသုံးကတ်စနစ်အဖြစ် အရောင်များခွဲခြား၍ စတင်ထုတ်ဝေ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 
    ယခင်က ထုတ်ပေးလျက်ရှိသော လက်ဖြင့် ရေးသားထားသည့် ယာဉ်မောင်းလိုင်စင်များ၏ နေရာ တွင် ကွန်ပျူတာစနစ်ကို အသုံးပြုကာ ဓာတ်ပုံ၊ အမည်၊ လိုင်စင်အမှတ်၊ မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်၊ သွေးအမျိုးအစား၊ လိုင်စင်၏ ကုန်ဆုံးရက်၊ မောင်းနှင်ခွင့်ရှိသည့် ယာဉ်အမျိုးအစား စသည်ဖြင့် ယာဉ်မောင်း နှင့် သက်ဆိုင်သည့် အချက်အလက်များကို စနစ်တကျ ထည့်သွင်း မှတ်တမ်းယူ၍ အတုအပ ပြုလုပ်၍ မရ စေရန်အတွက်  လုံခြုံရေးစနစ် ထည့်သွင်းထားကာ နိုင်ငံတကာ အဆင့်မီ စီစဉ်ဆောင်ရွက်ထားသည့် စနစ်ဖြစ် သည်ဟု သိရှိရသည်။


    လက်ရှိ ပြောင်းလဲထုတ်ဝေပေးမည့် ကွန်ပျူတာစနစ်သုံး လိုင်စင်ကတ်ပြား၏ ရှေ့ဘက်တွင် ယာဉ်မောင်း၏ ဓာတ်ပုံနှင့်သက်ဆိုင်သော အချက်အလက်များကို ထည့်သွင်း ထားရှိထားမည်ဖြစ်ပြီး မောင်းနှင်ခွင့် ရှိမည့် ယာဉ်အမျိုးအစားပေါ်မူတည် ၍ အ၀ါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အညိုရောင်၊ အနီရောင်ဟူ၍ အရောင်လိုင်းများဖြင့် ခွဲခြား သတ်မှတ်ထားသည်ဟု  သိရသည်။ လိုင် စင်၏ ကျောဘက်တွင် ယာဉ်မောင်း ၏ နေရပ်လိပ်စာ၊ မောင်းနှင်ခွင့်ရှိ သည့် ယာဉ်အမျိုးအစား၊ ထုတ်ဝေ ပေးသည့် ခုနှစ်ရက်စွဲနှင့်ကတ်နံပါတ်  များပါရှိသည်ဟု သိရသည်။


    ယာဉ်မောင်းလိုင်စင် ကတ်ပြား များကိုအရောင်လိုင်းများဖြင့်ခွဲခြားထား ရာတွင် 'က'လိုင်စင်အတွက် အ၀ါ ရောင်၊ 'ခ'လိုင်စင်အတွက် အစိမ်း ရောင်၊ 'ဂ'လိုင်စင်အတွက် အပြာရောင်၊ 'ဃ'လိုင်စင်အတွက်အညို ရောင်၊ 'င'လိုင်စင်အတွက် အနီရောင် ဟူ၍ လိုင်းဆွဲသတ်မှတ်ထားသည်ဟု သိရသည်။


    ယာဉ်မောင်းလိုင်စင် ကတ်ပြား စနစ်အသစ် ပြောင်းလဲထုတ်ဝေလိုက်သည့်အတွက် အဆိုပါ ယာဉ်မောင်း လိုင်စင်များ မှန်ကန်မှု ရှိမရှိ၊ သက်တမ်းလွန်ခြင်း ရှိမရှိတို့ကို သက် ဆိုင်ရာ ယာဉ်စည်းကမ်းထိန်းသိမ်း ကြီးကြပ်သူများက စစ်ဆေးသည့်အခါ လေဆာကိရိယာဖြင့် စစ်ဆေး ကြည့်ရှုနိုင်သည်ဟု သိရသည်။


    '' အခုထုတ်တဲ့ လိုင်စင်တွေကို စစ်တဲ့အခါ ငွေစက္ကူတွေမှာလို လုံခြုံ ရေးစနစ်ထည့်ထားပြီး လေဆာကိရိယာ နဲ့ ထိုးကြည့်ရင်ယာဉ်မောင်းရဲ့ဓာတ်ပုံ လေးတွေကို မြင်ရအောင်လုပ်ထား ပါတယ်။ တုပလို့မရအောင်ပေါ့။ ယာဉ်ထိန်းတွေက လေဆာကိရိယာ နဲ့ စစ်ကြရမှာပါ''ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောပြခဲ့သည်။


    မြန်မာနိုင်ငံတွင် တရားဝင်မှတ် ပုံတင်ထားသော ယာဉ်အစီးရေမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအကုန် ထိစာရင်းများအရ ၂၀၂၄၂၃၅ စီး ကျော်သွားပြီဖြစ်ပြီး ယာဉ်မောင်းလိုင်စင်ကိုလည်း ယာဉ်အစီးရေ၏ နှစ်ဆ အတိုင်းအတာ ရောက်ရှိသည်အထိ ထုတ်ပေးသွားနိုင်ရန် ရည်မှန်းဆောင် ရွက်ပေးလျက်ရှိသည်ဟု သိရသည်။

 

Comments

 
0 #1 sithukyaw 2010-03-16 13:35
အဲ့ဒီလိုလုပ်လို က်တာတော့ကောင်းပါတယ်၊
ဒါပေမယ့်အဲ့တာက ခြင်္သေ့လိုင်စင်ကိုကျော်အောင်လုပ်လို့ ရမယ်တော့မထင်ဘူးဗျာ။