ရန်ကုန်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ်အတွင်းရှိ အဆောက်အအုံတစ်ခုတွင် ပြိုကျမှုဖြစ်ပွား PDF Print E-mail


        မတ်လ ၁၄ ရက်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် ၆ ရပ်ကွက်၊ လမ်း ၃၀နှင့် ကုန်သည်လမ်းထောင့်ရှိ အဆောက်အအုံတစ်ခုတွင် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ပြိုကျမှုဖြစ်စဉ်ကြောင့် ဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင်နေထိုင်သော အသက် ၁၆နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ကြောင်းသိရပြီး အဆောက်အအုံပြိုကျစဉ်က ကျန်မိသားစုဝင်များ နေအိမ်တွင်မရှိကြောင်း သိရသည်။ 

 

       အဆိုပါပြိုကျမှုသို့ သက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် အဆောက်အအုံအတွင်းပိုင်းမှ ထပ်မံပြိုကျမှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်အချို့နှင့် ကယ်ဆယ်ရေးကူညီ ဆောင်ရွက်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

       ထို့အပြင် အဆိုပါအဆောက်အအုံသည် အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတိပေးကြေညာချက် ထုတ်ပြန်ထားသော အဆောက်အအုံဖြစ်ကြောင်း ကြေညာထားချက်အရ သိရှိရပါသည်။ 

 

Comments

 
0 #3 huahua 2010-03-16 09:44
saintjhon ပြောတာမှန်တယ်။ ပိုက်ဆံမှမရှိတာ
 
 
0 #2 saintjhon 2010-03-15 20:11
ိရိုးရိုးကြီးရယ်ခင်ဗျားလို ပိုက်ဆံမှမရှိတာ :lol:
 
 
0 #1 yooyoogyi 2010-03-15 13:55
အန္တရာယ်ရှိမှန်း ကြေငြာထားတာတောင် ... နေနေသေးတာလားဗျာ ...