မန္တလေး နှင့် နယ်သတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပမုခ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားစွာကျင်းပ PDF Print E-mail
  

 

     ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပမုခ ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ ရှစ်ရက်တိုင်ကျင်းပခဲ့ရာ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာရောက်သူ ဧည့်ပရိသတ်များဖြင့် စည်ကားခဲ့ကြောင်း သိရပါသည်။

 
        ယခုနှစ်ပွဲတော်တွင် ဈေးဆိုင်ခန်းပေါင်း ၉၆၀ ခင်းကျင်းရောင်းချခဲ့ပြီး ဇာတ်သဘင်အဖွဲ့များအနေဖြင့် ရွှေမဉ္ဇူသဘင်နှင့် ရွှေမန်းသန်းနိုင် ဆပ်ကပ်အဖွဲ့တို့မှ ၀င်ရောက်ကပြ ဖျော်ဖြေခဲ့သည်ဟု သိရသည်။ တပေါင်းလပြည့်နေ့ နံနက်က စေတီတော်ရင်ပြင်တော်ပေါ်တွင် ပဉ္စမ အကြိမ်မြောက်အဖြစ် သံဃာတော် တစ်ပါးလျင် ငွေကျပ် ၈၀၀၀ နှုန်း တန်ဖိုးရှိသည့် လှူဖွယ်ဝတ္ထုများကို လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။ ရွှေနတ်တော်ဘုရားပွဲမှာ ဒေသအတွင်း ကျင်းပသည့် ပွဲတော်များတွင် နောက်ဆုံးပွဲတော်ဖြစ်ပြီး ပွဲတော်သို့ လာရောက်ကြသူများ၏ ၈၀ ရာခိုင် နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ကြသည့်အတွက် ယနေ့တိုင်ပွဲတော်သို့ လှည်းများဖြင့် လာရောက်ကြသည့် မြင်ကွင်းကိုတွေ့မြင်နိုင်သေးသည်။ ယခုနှစ်ပွဲတော်သို့ လာရောက်သည့် လှည်းစီးရေမှာ ၅၀၀ကျော်ရှိခဲ့သည်ဟု သိရပြီး ယခင်နှစ်များနှင့် နှိုင်းစာလျင်မူ လျော့နည်း သွားခဲ့သည်ဟု သိရသည်။


        ရွှေနတ်တောင်စေတီမှာ မဟာသက္ကရာဇ် ၁၀၄ ခုနှစ်ကတည်းထား ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ ရှေးအကျဆုံး စေတီများထဲတွင် တစ်ဆူအ ပါအ၀င်ဖြစ်ကာ ယင်းစေတီတွင် မြတ်စွာဘုရား၏ ကိုယ်စားတော် (နိမ္မိတ) ရွှေနတ်ရုပ်ကြီးနှင့်တကွ ဘုရားရှင်၏ ဓာတ်တော်များကို ဌာပနာထားကြောင်း သိရပါသည်။