မြန်မာ့အားကစားသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ

လစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ


ထိုင်းပရီးမီးယားလိဂ်တွင် ဦးဆောင်နေသည့် မြောင်တောင်အသင်းကို ရတနာပုံအနိုင်ယူ ထိုင်းခြေစမ်းခရီးစဉ်တွင် ရတနာပုံအသင်း (၁)ပွဲနိုင်၊ (၁)ပွဲရှုံးနိမ့်ခဲ့ PDF Print E-mail

Yadanarpon FC၂၀၁၀ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျာ့မတိုင်မီ အကြိုပြင်ဆင်မှုအနေဖြင့် ထိုင်းနိုင်ငံတွင် ထိုင်းပရီးမီးယားလိဂ် ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သော ရတနာပုံအသင်းသည် (၁)ပွဲနိုင်၊ (၁) ပွဲရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

 
ဖိုးကေနှင့်ဝင်းထွန်းတို့၏ အထူးစိန်ခေါ်ပွဲ ပါဝင်သော Royal Club ရွှေခါးပတ်ချန်ပီယံလုပွဲ ကျင်းပမည် PDF Print E-mail

Phoe Kမြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ မြန်မာ့ရိုးရာ အားကစားအဖွဲ့ချုပ်နှင့် H&S Group စီစဉ်သော ဖိုးကေနှင့်ဝင်းထွန်းတို့၏ အထူးစိန်ခေါ်ပွဲ အပါအ၀င် အခြား မြန်မာ့လက်ဝှေ့ကျော်များ ပါဝင်ယှဉ်ပြိုင်ကြမည့် Royal Club ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲကို သြဂုတ်လ ၁၄ရက်နေ့တွင် စတင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 
KBZ FC သို့ အောင်မျိုးသန့် ရောက်ရှိ PDF Print E-mail

Delta United အသင်း၏ ကွင်းလယ်ကစားသမား ဖြစ်သူ အောင်မျိုးသန့်သည် ရှမ်းပြည်နယ်ကိုယ်စားပြု KBZ FC သို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 
တရုတ် League One ကလပ် Sunray Cave FC အသင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခြေစမ်းပွဲများ နိုဝင်ဘာလတွင် လာရောက်ကစားမည် PDF Print E-mail

Sunray Caveတရုတ် League One ကလပ် အသင်းတစ်သင်းဖြစ်သည့် Sunray Cave FC အသင်းသည် လာမည့် နိုဝင်ဘာလအတွင်း၌ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခြေစမ်းပွဲများ လာရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

 
မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ရန်ပုံငွေ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် တွေ့မရှောင်နှင့်ဝင်းထွန်း သရေကျ PDF Print E-mail

Boxingအားကစားဝန်ကြီးချုပ်ဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံရိုးရာသိုင်းအဖွဲ့ချုပ် ရန်ပုံငွေအတွက် ကျင်းပသော မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတစ်ရပ်ကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီက အမျိုးသား အားကစားပြိုင်ပွဲရုံ ၁ သုဝဏ္ဏ၌ ကျင်းပခဲ့ရာ အဓိက တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်သော တွေ့မရှောင်(KLN) နှင့်ဝင်းထွန်း(လယ်/ ဆည်) တို့၏ပွဲစဉ်သည် သရေအဖြစ်သာ ပြီးဆုံးခဲ့သည်။