|
အက်ပဲလ်၏ သင်ပုန်းကွန်ပျူတာ iPad အတွက် ထိုးနှက်ချက် တစ်ရပ်ဖြစ်သည့် ဆမ်ဆောင်း၏ Galaxy Tab သင်ပုန်း ကွန်ပျူတာကို မိတ်ဆက်ပေးခဲ့သည်။ဆမ်ဆောင်းမှ မိတ်ဆက်ပေးခဲ့သည့် Galaxy Tab သည် တို့ထိ ဖန်သားပြင် ခုနစ်လက်မသာ ရှိသော်လည်း iPad ၏ ဆောင်ရွက်ချက်များ အားလုံးနှင့် တူညီမှု ရှိကြောင်း သိရှိရသည်။
|
|
တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ရေလွှမ်းမှု ဖြစ်ပွားခဲ့သည့် မြောက်ကိုရီးယား နိုင်ငံကို အကူအညီပေးရန် ကမ်းလှမ်းခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံက ၎င်း၏ မဟာမိတ်ဖြစ်သည့် မြောက်ကိုရီးယား နိုင်ငံအတွက် ကူညီမှုများ ပြုသွား မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် တောင်ကိုရီးယား နိုင်ငံကလည်း မြောက်ကိုရီးယားနိုင်ငံ၏ ရေကြီးမှုများအတွက် အရေးပေါ် အကူအညီပေးမည့် သင်္ဘော စေလွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
|